အသက် ( ၅ ) နှစ်နဲ့ ပိုက်ဆံစုပြီး ဒိတ်လုပ်ခဲ့ကြတဲ့ ကလေးလေးနှစ်ယောက်

အင်္ဂလန်နိုင်ငံ၊ ဒေါ်ဆက်စတာရှိုင်းယားဒေသက အသက် ( ၅ ) နှစ်အရွယ်ကလေးနှစ်ယောက်ရဲ့ ဒိတ်တင် သတင်းလေးဟာ အင်တာနက်ပေါ်က လူတွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။

ကောင်လေးဖြစ်သူ ဖရက်ဒီဂစ်ဘ်ဆင် က သူ့ရဲ့မိဘတွေကို ဒိတ်လုပ်တယ်ဆိုတာ ဘယ်လိုမျိုးလဲ ဆိုပြီး မေးပါတယ်။ အချိန်တော်တော်လေးကြာအောင် ဒိတ်တင် ရဲ့သဘောသဘာဝကိုရှင်းပြအပြီးမှာတော့ ဖရက်ဒီ လေးဟာ ကောင်မလေးတစ်ယောက်နဲ့ ဒိတ်တင် လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူဒိတ်တင်လုပ်ဖို့ရွေးလိုက်တဲ့ကောင်မလေးကတော့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ဒီးဒီ ဆိုတဲ့မိန်းကလေးပါ။

သူ့ရဲ့ ပထမဆုံးဒိတ်တင်က အရမ်းကြီးတော့မလွယ်ကူခဲ့ပါဘူး။ ဒီးဒီ လေး အသက်ငါးနှစ်ပြည့်အောင် စောင့်ခဲ့ရသလို၊ သူ့ရဲ့ဒိတ်တင်မှာ သုံးဖို့အတွက်ပိုက်ဆံတွေလည်း စုရပါသေးတယ်။ နောက်ပြီး ပိုက်ဆံအိတ်အသစ်လေးတစ်လုံးလည်း ဝယ်ရပါသေးတယ်တဲ့။

ဖရက်ဒီ ရဲ့ အမေကလည်း သူ့သားလေးအတွက် ဒိတ်တင်ကို အကောင်းဆုံးဖြစ်အောင် ကူညီပေးပါတယ်။ ကောင်မလေးကို ပေးဖို့ပန်းစည်းလေးကိုယ်တိုင်လုပ်ပေးခဲ့သလို၊ သူတို့ဒိတ်တင်လုပ်တဲ့နေရာမှာ အစားအသောက်မီနူးဖတ်ပြဖို့ကိုလည်း stand by နေပေးခဲ့ရပါတယ်။

ကလေးနှစ်ယောက်စလုံးရဲ့ မိခင်တွေက အရမ်းရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်နေတာကြောင့် ကလေးတွေကလည်း အရမ်းပဲခင်မင်ကြပါတယ်။ ကလေးနှစ်ယောက်ဟာ နာမည်ကြီး Pizza Express မှာ ဒိတ်လုပ်ခဲ့ကြပြီး စားသုံးသူတွေနဲ့ဆိုင်ဝန်ထမ်းတွေရဲ့ အရေးစိုက်မှုကိုရယူနိုင်ခဲ့သလို၊ ဆိုင်ဝန်ထမ်းတွေက ကလေးတွေကို ချစ်လွန်းလို့ ရေခဲမုန့်တောင်ဝယ်ကျွေးခဲ့ပါတယ်တဲ့။

ကလေးနှစ်ယောက်စလုံးက အခုလိုမျိုး ဒိတ်တင်လုပ်ရတာကို အရမ်းပျော်ရွှင်နေကြပြီး နောက်လည်း အခုလိုမျိုးလေးလုပ်ချင်ပါသေးတယ် လို့ Dailymail ကို ပြောခဲ့ပါတယ်။

Gabriel
Source : dailyexpress.uk

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။