ချစ်တင်းနှောနေစဉ် စအိုထဲ Air Fresher ဝင်သွားလို့ အရေးပေါ်ခွဲစိတ်လိုက်ရတဲ့ အမျိုးသား

Dominican သမ္မတနိုင်ငံရဲ့ မြို့တော် Santo Domingo မှာ နေထိုင်တဲ့ အမည်မဖော်လိုတဲ့ အသက် (၄၀)အရွယ် အမျိုးသားတစ်ဦးဟာ အရေးပေါ်ခွဲစိတ်မှုတစ်ခုနဲ့ Morscoso Puello ဆေးရုံကို ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ ၎င်းအမျိုးသားရဲ့ မိန်းမဖြစ်သူ ပြောပြချက်အရ အဆိုပါ အမျိုးသားဟာ ချစ်ရည်လူးနေစဉ်အတွင်း ၎င်းရဲ့ စအိုအတွင်းကို Air Fresher ဗူးကို ထည့်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ 

၎င်းအမျိုးသားရဲ့ အရေးပေါ်ခွဲစိတ်ကုသမှုဟာ (၂)နာရီဝန်းကျင် ကြာမြင့်ခဲ့ပြီး အောင်မြင်စွာခွဲစိတ်ကုသနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဆေးရုံရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အမည်မဖော်လိုတဲ့ အမျိုးသားဟာ ခွဲစိတ်ကုသမှု ပြုလုပ်ပြီးနောက် ပြန်လည်သက်သာလာပြီဖြစ်ပြီး ဒီလို ဖြစ်စဉ်မျိုးက ထူးဆန်းတဲ့ကိစ္စမျိုးမဟုတ်ဘဲ ပုံမှန်အားဖြင့် လိင်စိတ်နိုးကြွစေတဲ့ အရုပ်တွေအဖြစ် လိင်အင်္ဂါအတုနဲ့ ပုလင်းတို့ကိုသာ အသုံးပြုလေ့ရှိတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဆရာဝန်တစ်ဦးက “  ဒီလိုကိစ္စမျိုးတွေကို တကယ်တော့ ပြောပြလေ့မရှိပါဘူး။ ဘာလို့လဲဆိုတော့ ကာယကံရှင်တွေ အရှက်ရနိုင်တဲ့အပြင် လိင်ပိုင်းဆိုင်ရာနဲ့ ဆက်နွယ်နေတဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေကို လာရောက်ပြသသူနည်းပါးသွားမှာကို စိုးရိမ်တာကြောင့် ဖြစ်တယ် ”လို့ ပြောပြခဲ့ပါတယ်။ 

တကိုယ်ရေ လိင်ဆန္ဒပြည့်ဝနိုင်ဖို့အတွက် အရာဝတ္ထုတွေကို ခန္ဓာကိုယ်အတွင်း ထည့်သွင်းခြင်းဟာ အန္တရာယ်ရှိတဲ့ လုပ်ရပ်ဖြစ်ပြီး ကျန်းမာရေးနဲ့ ရေရှည်လိင်ဆက်ဆံလိုစိတ်ကို အကျိုးသက်ရောက်မှုရှိကြောင်း ကျန်းမာရေးအကြံပေးတစ်ဦးက သတိပေးခဲ့ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။