FB မှာတင် Ro တာမဟုတ်ဖူး အိမ်မှာလဲ Roတယ် ဆိုတဲ့ ရွှေဇနီးမောင်နှံ ရဲ့ အိမ်ထောင်ရေး

2018 မှာတင် နာမည်ကြီးတဲ့ ဆယ်လီစုံတွဲအဖြစ် မြန်မာပြည်ချစ်ပရိသတ်တွေကို အားကျစရာဖြစ်လောက်အောင် အရမ်းချစ်ပြကြတဲ့ ရွှေကာပယ်တို့ကတော့ ရွှေလက်တွဲပြီးတဲ့ အချိန်မှာလဲ သူတိုရဲ့ အိမ်ထောင်ရေးဟာ သာသာယာယာနဲ့ဘဲ 2019 မှာ ပေါ်ပြူလာအဖြစ်ဆုံး ရွှေစုံတွဲအဖြစ် နာမည်ရနေခဲ့ပါတယ်။

လက်ရှိသူတိုရဲ့ အရမ်း Ro နေကြတဲ့အကြောင်းကို  သဲလေး ရွှေမှုံတစ်ယောက်  ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းပြောချလာတာကတော့
“FB မှာတင် Ro တာ မဟုတ်ဖူး ကိုယ်တွေက အိမ်မှာလဲ Ro တယ်” 


ရွှေထူးကလဲ သူမအတိုင်းပါဘဲ ပွင့်လင်းစွာနဲ့ ဝန်ခံခဲ့ပါတယ်။



“အားတော့နာပါတယ် ကျနော်တို့ကအိမ်မှာ နှစ်ယောက်တည်း Ro ကြတာ အဲ့မှာ အချစ်ရည်တွေ လျှံကြလာတာ သူနဲ့ အမြဲတမ်းပြောနေကြစကားရှိတယ် တစ်ခါတလေ ရန်ဖြစ်တယ်ဗျာ စကားများကြတယ် အဲ့တာ သူကလဲကိုယ့်ကို ချစ်တဲ့ အချစ်တွေကများ ကိုယ်ကလဲ သူကို ချစ်တဲ့ အချစ်တွေကများနေတော့ အချစ်ရည်တွေလျှံကြ အဲ့မှာ ချော်လဲကြတာ ခလုတ်တိုက်ကြတာ” လို့ ပြောခဲ့တာပါ။
အိမ်ထောင်ကျပြီး ရွေမှုံကတော့ ဘယ်လိုပြောင်းလဲလာလဲဆိုတာကတော့
“အခု လိမ္မာလာတယ် သူကြောင့်ပြောင်းလဲသွားပြီး လူကြီးဆန်လာတယ်” လို့ပြောပြီး ရွေထူးကတော့ အရင်ကလို တစ်ဇွတ်ထိုးတွေသိပ်မလုပ်တော့ဘဲ ကိုယ့်အိမ်ထောင်နဲ့ကိုယ်ဖြစ်လာပြီဆိုတော့ တစ်ခုခုဆိုလဲ ကိုယ့်အမျိုးသမီးမျက်နှာကြည့်ရတယ်” လို့ ခုလိုဖြေကြားခဲ့ပါတယ်။



ကဲ သူတိုအိမ်ထောင်ရေးကို ပရိသတ်တွေတောင်မပြောနဲ ဆယ်လီ FA တွေလဲ အားကျနေရတာပါ ဟုတ်တယ်မလား ပရိသတ်တို့ရေ.

Sources- We News / Shwe Mhone Yati

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။