မိန်းမကို ဒေါသထွက်ပြီး နှစ်ဦးပိုင်ပစ္စည်းတွေကို တဝက်စီခွဲပစ်ခဲ့တဲ့အမျိုးသား

အိမ်ထောင်ရေးတစ်ခုမှာ ဘယ်လိုကိစ္စပဲဖြစ်ဖြစ် ကွာရှင်းပြတ်ဆဲတို့အခါ တရားဥပဒေအရ နှစ်ပိုင်ပစ္စည်းတွေကို တဝက်စီ ခွဲဝေတတ်ကြပါတယ်။ အခုလည်း မိန်းမဖြစ်သူက အိမ်ထောင်ရေးဖောက်ပြန်လို့ ယောကျ်ားဖြစ်သူက ဒေါသထွက်ကာ တရားဥပဒေအတိုင်း နှစ်ဦးပိုင်ပစ္စည်းတွေကို ခွဲဝေပေးလိုက်ပါတယ်။

အဆိုပါ အမျိုးသားဟာ လွှစက်တွေကို အသုံးပြုကာ ရှိသမျှပစ္စည်းတွေကို သူ့မိန်းမတဝက် သူတဝက် ခွဲဝေယူခဲ့ပါတယ်။ အခုလို လုပ်ဖို့ဆိုတာ တွေးရုံနဲ့တင် မဖြစ်သင့်၊ မဖြစ်နိုင်မှန်းသိပေမယ့် ၎င်းအမျိုးသားကတော့ သူ့စိတ်ကြိုက်ကို ရက်ရက်စက်စက် ပိုင်းဖြတ်လိုက်ပါတယ်။ ဒီလိုလုပ်ရတာကလည်း ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ရခြင်းဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

၎င်းအမျိုးသားရဲ့ နှစ်ဦးပိုင်ပစ္စည်းတွေကို ခွဲဝေနေတဲ့ Video File ဟာ Youtube နဲ့ လူမှုကွန်ယက်တွေပေါ်မှာ အတော်လေးကို နာမည်ကြီးသွားခဲ့ပါတယ်။ အောက်မှာ ခွဲဝေထားတဲ့ ပစ္စည်းပုံတွေနဲ့ Video လေး ကြည့်လိုက်ပါဦး ။

Video ကြည့်ရန် ........

Source; mashable.com

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။