ကမ္ဘာကျော် မျက်လှည့်ပညာရှင် Dynamo ရဲ့ ထူးခြားလှတဲ့ မျက်လှည့်လျှို့ဝှက်ချက်များ

မျက်လှည့်ပညာရှင် Dynamo ဆိုရင် မသိတဲ့သူ ရှားပါးလှအောင်ကို နာမည်ကြီးပါတယ်။ သူဟာ တခြားမျက်လှည့်ပညာရှင်တွေရဲ့ ပြသနေကြ ပြကွက်မျိုးမဟုတ်ဘဲ အမြဲတမ်း ထူးဆန်းနေတာကြောင့် ပိုနာမည်ကြီးပါတယ်။ မျက်လှည့်ပညာရှင်အများစုက ဖဲချပ်ပြကွက်၊ ဘောလုံး အသေးလေးတွေနဲ့ ပြကွက်၊ လက်ကိုင်ပဝါ ပြကွက်တွေ၊ လေပေါ်ပျံဝဲတဲ့ ပြကွက်စတဲ့ လူတော်တော်များများ မြင်တွေ့ဖူးတဲ့ ပြကွက်တွေသာ ပြကြပါတယ်။

ဒါပေမယ့် မျက်လှည့်ပညာရှင် Dynamo ကတော့ သူများနဲ့မတူဘဲ ပန်းခြံထဲက အလှရေပန်းက ရေတွေကို ခဲအောင်လုပ်တာ၊ မြစ်ထဲ လမ်းလျှောက်တာ၊ လေပေါ်ပျံပြတာ စတဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို လုပ်ပြခဲ့တဲ့အတွက် လူကြိုက်ပိုများပြီး ပိုနာမည်ကြီးခဲ့ပါတယ်။

အခုတော့ မျက်လှည့်ပညာရှင် Dynamo ရဲ့ ပြကွက်လျှို့ဝှက်ချက်တွေကို တိတိကျကျဖော်ထုတ်နိုင်တဲ့ Video တွေဟာ Youtube ပေါ်မှာ အရမ်းကို နာမည်ကြီးနေပါတယ်။ ၎င်း Video တွေထဲကမှ လူ(၅)သိန်းနီးပါး ဝင်ရောက်ကြည့်ရှု့ခဲ့ပြီး သဘောကျနှစ်သက်သူ (4.8 K) အထိရှိခဲ့တဲ့ Video ကို ပြန်တင်ပေးလိုက်ပါတယ်။ ဘယ်လိုမျိုး စိတ်ဝင်စားဖွယ် မျက်လှည့်လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ထားလဲ အောက်မှာ ကြည့်လိုက်ပါဦးနော် ……… ။

Video ကြည့်ရန် ..............

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။