မျက်နှာ အဆီပြန် သက်သာစေမယ့် အုန်းရည်

မျက်နှာပြင်မှာ အဆီပြန်၊ ချွေးထွက်လို့ စိတ်ပျက်နေလို့ ဝင်းလက်တောက်ပတဲ့

မျက်နှာပြင် အလှတွေပျက်နေတယ်လို့ သင်ထင်ပါသလား။

မျက်နှာပြင်အဆီပြန်တာကို ဈေးကြီးတဲ့ 

အလှပြင် ပစ္စည်း တွေကို တကူတက ရှာဖွေ ဝယ်ယူနေစရာမလိုပဲ လတ်ဆတ်တဲ့

အုန်းရည်ကို အသုံးပြုပြီး ဖြေရှင်းနိုင်ပါတယ်။

အသားအရေ ထိန်းသိမ်းစောင့်ရှောက်ခြင်း အတွက် 

အုန်းရည်ကို အသုံးပြုလျှင် မျက်နှာပြင် သန့်စင်ပေးနိုင်ရုံသာမက

တိုနာအဖြစ်ပါ အကျိုးသက်ရောက်မှုနှစ်မျိုးကို 

တစ်ချိန်တည်း ရရှိနိုင်မှာဖြစ်ပါတယ်။

မျက်နှာပြင်ပေါ်ရှိ အဆီများကို ဖယ်ရှားကာ 

သဘာဝအတိုင်း အသားအရေကို 

လင်းလက်တောက်ပစေဖို့ အုန်းရည်အနည်းငယ်သာ လိုအပ်ပါတယ်။

ဒါ့အပြင် အုန်းရည်က

ဝက်ခြံနှင့် မျက်နှာပေါ်ရှိ အစွန်းအထင်းတွေကို 

သန့်စင်ပေးရုံသာမက အရွယ်မရောက်ခင် အိုမင်းရင့်ရော်ခြင်းကိုလဲ တားမြစ်ပေးနိုင်ပါသေးတယ်။

လုပ်ရမယ့် နည်းလမ်းကတော့. . .

ဂွမ်းစကို လတ်ဆတ်တဲ့ အုန်းရည်မှာ နှစ်ပြီး

မျက်နှာပြင်ပေါ်မှာ သုတ်လိမ်းပေးရမှာပါ။

အေးမြတဲ့ အရသာကို လိုချင်ရင် ဂွမ်းစကို အုန်းရည်ထဲ 

နှစ်ပြီးတာနဲ့ ရေခဲတုံးကလေးများပေါ် ခေတ္တ တို့သုတ်ပြီးမှ မျက်နှာကို သုတ်လိမ်းပါ။

ပြီးရင် မျက်နှာကို လေသလပ်၍ အခြောက်ခံပါ။

အဆီပြန် သက်သာစေရုံသာမက ဝက်ခြံနဲ့ အမည်းစက်တွေကိုပါ သက်သာစေမယ့်

အလွယ်ကူဆုံး skin care ဖြစ်လို့ စမ်းကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ငွေကုန်ကြေးကျ မများပဲ လှပစေနိုင်ကြပါစေ. . . ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။