သံပခြုပ်ဆိုတာဘာလဲ

သံပခြုပ်ဆိုတာ ပင်လယ်ရေအောက်ကြမ်းပြင်တွင် နေထိုင်လေ့ရှိတဲ့ ကြက်မောက်သီး နှင်ပုံစံရောအရွယ်ပါတူသည့် ပင်လယ်သတ္တဝါ

တစ်မျိုးပါ။

ရေကျချိန်ဆို သံပခြုပ်ကောင်လေးတွေဟာ ကျောက်တန်းတွေပေါ်က အဆင်ပြေရာကျောက်ခေါင်းထဲမှာသူတို့ ခိုအောင်းနေတက်လေ့ရှိပါတယ်။ 

ပင်လယ်အောက်က ကျောက်တုံးတွေမှာကပ်

နေပြီး ကျောက်သွေးတွေကို ဆုပ်ယူ အသက်

ရှင်နေထိုင်လေ့ရှိသည်။ ခန္ဓာကိုယ်တစ်ခုလုံကို ဆူးတွေနဲ့ လွှမ်းခြုံထားလေ့ ရှိပီး ဆူးများမှာဆွေးနေသောသံကဲ့သို့အလွန်ချွန်ထက်သည်။အသက်ရှင်နေတဲ့ အချိန်မှာပဲ ဆူးတွေက ထောင်မတ်လျက်ရှိပီး သေသွားချိန်မှာတော့ တစ်ခါထဲ ဆူးတွေဟာ ကြွေသွားလေ့ ရှိပါတယ်။

သံပခြုပ်ကို Biological name အရ Sea Urchins ဟုခေါ်ပီး ပင်လယ်ရေအောက်ကျမ်းခင်းမှာ ခရု ဂုံး ခရင်း ကမာ စသော ရေအောက်သတ္တဝါများစွာနှင့်အတူတွေ့နိုင်သည် ။

အရွယ်အစားမှာ ၃စင်တီမီတာမှ ၁၀စင်တီမီတာ ရှိသည်။ ဆူး spines များမှာ၁ စင်တီမီတာမှ၃စင်တီမီတာရှည်ပြီး ၁မီလီမီတာမှ ၂မီလီမီတာ လုံးပတ်ရှိသည်။ Caribbean နွယ်ဝင် Diadema antillarum မျိုးမှာ ၁၀စင်တီမီတာမှ ၂၀စင်တီမီတာရှည်သည်။

သံပခြုပ်ဆိုတဲ့ ထူးခြားတဲ့ ပင်လယ်သတ္တဝါတစ်ကောင်ရဲ့ 

ထူးကဲလှတဲ့ အကျိုးသက်ရောက်မှု့တွေကတော့ အစုံပါပဲ။ 

သံပခြုပ်ကောင်ရဲ့အတွင်းသားမှာမူအလွန်နူးညံ့ပြီးခွန်အားကိုတိုးစေသည်ဟု ဆိုသည်။ အရက်နဲ့စိမ်လိုက်ရင် သူ့ကိုယ်မှ ကျောက်သွေးများကျပီး အရက်ကသွေးရောင်အတိုင်းပြောင်းသွားလေ့ရှိပါတယ် တချို့ကတော့ အစိမ်းစားလေ့ ရှိကြပါတယ်။

သောက်ရတာတော့ ညှီနံ့ နဲနဲရှိပါတယ်။

အလွန်ရှားပါးပြီး ဆေးစွမ်းအတော်ထက်တယ်လို့ အယူအဆရှိကြပါတယ်။

ဟုတ်ပါတယ် သံပခြုပ်ကောင်ကို 

ယောက်ျား မိန်းမ မရွေးသောက်သုံးနိုင်ပီး တစ်ကောင်သောက်လျှင် ဘာအားဆေးမှ

မသောက်ရပဲ ၅နှစ် နီးပါး ကိုယ်ခံစွမ်းအား

ကိုကောင်းစေတယ်လို့ ဆိုလေ့ရှိကြပါတယ်။

ရောဂါတော်တော်များများ ကို ပျောက်စေပြီး

မဖြစ်အောင်လဲ တားဆီးကာကွယ်ပေးပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။