လမ်းခွဲဖို့ပြောလာတဲ့ ချစ်သူကို ဒေါသထွက်ပြီး ပယ်ပယ်နယ်နယ်ထိုးခဲ့တဲ့ အမျိုးသား

South Tyneside မှာ နေထိုင်တဲ့ အသက်(၁၉)နှစ်အရွယ် Chantelle Ward ဆိုတဲ့ ကောင်မလေးဟာ ရည်းစားဖြစ်သူ အသက်(၂၃)နှစ် Rhys Culley နဲ့ လမ်းခွဲဖို့ ပြောရာမှ Rhys ဟာ ဒေါသထွက်ပြီး သူမအပေါ် ပြင်းပြင်းထန်ထန် တုန့်ပြန်လိုက်ပါတယ်။

Chantelle Ward နဲ့ Rhys Culley တို့ဟာ ချစ်သူသက်တမ်း(၂)နှစ်ကျော်ပြီဖြစ်ကာ တောင်ပိုင်း Shields , Tyneside မှာ အတူတူ နေထိုင်တယ်လို့လည်း သိရပါတယ်။ Chantelle Ward ဟာ ငယ်ရွယ်တဲ့ မော်ဒယ်တစ်ယောက်လည်းဖြစ်ပြီး Lifestyle နဲ့ အလှမယ် ပြိုင်ပွဲတွေမှာလည်း အနိုင်ရရှိခဲ့တဲ့သူလည်းဖြစ်ပါတယ်။

 မကြာသေးခင်ကလည်း Miss North East beauty pageant ပွဲမှာ သူမ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး “ အရမ်းလှတဲ့ မိန်းကလေးတွေ အများကြီးရှိပါတယ်။ ကျွန်မကို ရွေးချယ်လိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ဘူး ” လို့ ပြောခဲ့ပါသေးတယ်။

အခုတော့ ချစ်သူဖြစ်သူ Rhys Culley ဟာ Chantelle ကို မျက်နှာတစ်ခုလုံး ရစရာမရှိအောင်ကို ထိုးနှက်ခဲ့ပါတယ်။ အခုလိုဖြစ်ရတဲ့ အဓိက အကြောင်းအရင်းကတော့ Rhys ဟာ အဝေးတစ်နေရာမှာ အလုပ်သွားတော့မှာဖြစ်ပြီး ချစ်သူကောင်မလေးကိုလည်း စိတ်မချဖြစ်၊ သဝန်လည်းတို ဖြစ်နေချိန်မှာ ကောင်မလေးဖြစ်သူထံမှ လမ်းခွဲစကားကို ကြားလိုက်ရတဲ့အခါ ဒေါသတွေကို မထိန်းနိုင်တော့ဘဲ ကိုယ်ထိလက်ရောက် ကျူးလွန်မိခဲ့တာပဲ ဖြစ်ပါတယ်။ 

 

Rhys ထိုးနှက်ချက်တွေကြောင့် Chantelle ရဲ့ အပေါ်နှုတ်ခမ်းက အစားအသောက်တောင် စားလို့မရအောင် အလွန်နာကျင်နေတယ်လို့ သိရပါတယ်။ သူမ နှိပ်စက်ခံရပြီးနောက် သူမရဲ့ ဖူးယောင်နေတဲ့ ပုံတွေကို လူမှုကွန်ယက်ပေါ်တင်လိုက်တဲ့အခါ အင်္ဂလန်နိုင်ငံအပြင် နိုင်ငံတော်တော်များများမှာ သူမ သတင်းတွေ ပျံ့သွားခဲ့ပါတယ်။

 

ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ရိုက်နှက်ခံရပေမယ့် သူမဟာ ဇွဲမလျော့ဘဲ အကောင်းဆုံး ခွဲစိတ်ဆရာဝန်ကြီးတွေနဲ့ တွေ့ပြီး သူမ ဒဏ်ရာတွေကို ပြန်လည် ကုသခဲ့ပါတယ်။ ဒါပေမယ့် မာရွတ်နဲ့ ချုပ်ရာတွေကတော့ သူမ မျက်နှာပေါ်မှာ ကျန်ခဲ့ပါတယ်။ ပြသာနာတစ်ခုကို သေသေချာချာမဖြေရှင်းဘဲ စိတ်လိုက်မာန်ပါ ထိုးနှက်ခဲ့တဲ့ အသက်(၂၃)နှစ် Rhys Culley ကိုတော့ ထောင်ဒဏ် (၈)နှဏ် ချမှတ်လိုက်တယ်လို့လည်း သိရပါသေးတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။