100PLUS ကနေ အသစ်ထပ်ထွက်လာမယ့် ဘယ်ရီအရသာ ရေဓါတ်ဖြည့် အချိုရည်

100PLUS သည် ခန္ဓာကိုယ်မှ ဆုံးရှုံးသွားသော ရေဓါတ်နှင့် စွမ်းအင်တို့ကို ပြန်လည်ဖြည့်တင်းပေးပြီး ရေဓါတ်ခမ်းခြောက်ခြင်း အပူဒဏ်နှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့ကို တိုက်ဖျက်ပေးနိုင်သောကြောင့် မြန်မာနိုင်ငံတွင် လူသိများထင်ရှားသော ထိပ်တန်း ရေဓာတ်ဖြည့် အချိုရည် အမှတ်တံဆိပ်တစ်ခုဖြစ်သည်။

ယခုအခါ 100PLUS မှ ဈေးကွက်တွင်း ဖြန့်ချိလျက်ရှိသော မူလလက်ဟောင်း 100PLUS အရသာနှင့် 100PLUS လိမ္မော်အရသာတို့အပြင် ထုတ်ကုန်အသစ်တစ်ခုဖြစ်သည့် 100PLUS ဘယ်ရီအရသာကို ထပ်မံမိတ်ဆက်လိုက်ပါပြီ။

100PLUS ဘယ်ရီအရသာသည် ချိုမြိန်သည့်အရသာတစ်မျိုး စွဲကျန်ရစ်နိုင်ရုံသာမက ဂလူးဂို့စ်နှင့် သတ္ထုဓါတ်များ ပါဝင်သည့်အတွက် ရေဓါတ်ကို ဖြည့်တင်းပေးနိုင်သည့်အပြင် သက်လုံကိုပါ ပိုမိုကောင်းမွန်စေနိုင်သည်။

Gas ပါဝင်ခြင်း မရှိတဲ့ အပြင် သကြားနဲ့ ကယ်လိုရီ ပါဝင်မှုနည်းတာကြောင့် ကျန်းမာရေးအတွက်အထူးသင့်လျော်ပြီး 100PLUS ရဲ့ customer တွေအနေနဲ့ ကြိုက်နှစ်သက်ကြဦးမှာအသေအချာပါပဲ။

We Media ရဲ့ ပရိတ်သတ်ကြီးတွေ အနေနဲ့လည်း 100PLUS ကအသစ်ထွက်လာမယ့် ဘယ်ရီအရသာကို မြည်းစမ်းကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေနော်. . .။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။