ဖုန်း Password မပေးလို့ ခင်ပွန်းကို အရှင်လတ်လတ်မီးရှို့လိုက်တဲ့ အမျိုးသမီး

အင်ဒိုနီးရှားနိုင်ငံက Tribun Jambi နဲ့ Serambi လို့ခေါ်တဲ့ လင်မယားနှစ်ယောက်ရဲ့ သတင်းဟာ အတော်လေးကို အမည်ကြီးနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိန်းမဖြစ်သူက ခင်ပွန်းဖြစ်သူကို ဖုန်း Password တောင်းရာ မပေးသဖြင့် အရှင်လတ်လတ် မီးရှို့သတ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဖြစ်စဉ်အကျဉ်းချုပ်နဲ့ အိမ်နီးနားချင်းတွေ ပြောကြားချက်အရတော့ ယောကျ်ားအပေါ် မယုံသင်္ကာဖြစ်နေတဲ့ Serambi ဟာ ခင်ပွန်းသည် Jambi ကို ဖုန်းရဲ့ Password တောင်းခဲ့ပေမယ့် Jambi  က Password မပေးဘဲ အိမ်အလုပ်တွေသာ ဆက်လုပ်နေခဲ့ပါတယ်။ ဒါကလည်း သူ့ဖုန်းထဲမှာ တစ်ခုခုကို လျှို့ဝှက်ထားပုံပေါ်တာကြောင့် လင်မယားနှစ်ယောက် အကြီးအကျယ်ရန်ဖြစ်ခဲ့ကြတာဖြစ်ပြီး သေဆုံးသည်အထိ ဖြစ်ခဲ့တာပါ။

နောက်ထပ် မျက်မြင်သက်သေတွေရဲ့ အဆိုအရ Jambi က ဇနီးသည်ကို အရင်ဆုံး ရိုက်နှိက်ခဲ့တာဖြစ်ပြီး မကျေမနပ်ဖြစ်နေတဲ့ ဇနီးသည်က ဒေါသအလျှောက် Jambi ကို ဓာတ်ဆီနဲ့လောင်းပြီး မီးရှို့လိုက်တာပဲဖြစ်ပါတယ်။ အိမ်နီးနားချင်းတွေလည်း သိသိချင်း မီးငြှိမ်းပြီး အလျင်အမြန်ဆေးရုံသို့ ပို့ပေးခဲ့ပေမယ့် Jambi ကတော့ မီးလောင်ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့ပါတယ်။ အခုတော့ ဇနီးသည်ဖြစ်သူ Serambi  ကို ရဲတွေက ဖမ်းဆီးသွားခဲ့ပြီလို့ သိရပါတယ်။ ဒီတော့ ချိဖတို့လည်း မီးကြောက်ရင် Password လေးတွေ ပေးထားလိုက်ကြပေါ့ဗျာ …။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။