နှုတ်ခမ်းနီကို ဒီလို လှလှလေးဆိုးမယ်ဆိုရင် 

ပျိုပျိုမေတွေအတွက် နှုတ်ခမ်းနီဆိုတာ တကယ်ကို အရေးပါလှတဲ့ အလှတရားတစ်မျိုးပါ။ ဒါကြောင့် နှုတ်ခမ်းနီနဲ့ ပတ်သက်တဲ့ ဗဟုသုတရော တကယ်လည်း အသုံးဝင်မယ့် နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) နှုတ်ခမ်း ကိုအရင် ဆုံးသန့်ရှင်းပေးပါ

Matte Type နှုတ်ခမ်းနီတွေကို ဆိုးတဲ့အခါ နှုတ်ခမ်းကို သန့်ရှင်းအောင် ပြုလုပ်မထားဘူးဆိုရင် အဖတ်တွေလန်တာ၊ နှုတ်ခမ်းနီကွာ တွေဖြစ်တတ်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းနီမဆိုးခင်မှာ နှုတ်ခမ်းသားကို Vaselineနဲ့ သွားတိုက်တံတို့ကို အသုံးပြုပြီး တစ်မိနစ်ခန့် တိုက်ပေးပါ။ ပြီးမှ တစ်ရှူးဖြင့် အသာအယာသုတ်ပြီး နှစ်သက်ရာ နှုတ်ခမ်းနီကို ဆိုးပေးပါတယ်။

(၂) နှုတ်ခမ်းပုံဖော် ခဲတံကို သုံးပါ

နှုတ်ခမ်းနီအရည်ဟာ မြန်မြန်ခြောက်လွယ်တဲ့အတွက် ပုံဖော်ဆိုးဖို့ ခက်ခဲပါတယ်။ အကယ်၍ ပုံဖော်ဆိုးမယ်ဆိုရင်လည်း အလျှင်အမြန် ခြောက်တတ်တာမို့ မညီမညာဖြစ်တတ်၊ ကွတ်တတ်ပါတယ်။ အဲ့ဒီအခက်အခဲအတွက် နှုတ်ခမ်းလိုင်နာလေးတွေက သင့်ကို ကူညီနိုင်ပါတယ်။ မိမိ နှုတ်ခမ်းကို လိုင်နာနဲ့ တိတိကျကျပုံဖော်ပြီးမှ နှုတ်ခမ်းနီထပ်ဆိုးမယ်ဆိုရင် နှုတ်ခမ်းလေးက တိပနေအောင် လှပနေမှာ အသေအချာပါပဲ။

(၃) နှုတ်ခမ်းနှစ်လွှာကို အချင်းချင်းဖိသိပ်ခြင်းကိုရှောင်ပါ 

နှုတ်ခမ်းနီကို ညီညာအောင် နှုတ်ခမ်းနီဆိုးပြီးချိန်မှာ အချင်းချင်းဖိသိပ်တတ်ကြပါတယ်။ နှုတ်ခမ်းနီအစိုတွေကို ဆိုးပြီးချိန်မှာ ဖိသိပ်တဲ့နည်းက ပြသာနာသိပ်မရှိပေမယ့် နှုတ်ခမ်းနီအရည်တွေကို ဆိုးတဲ့အခါ ဖိသိပ်လိုက်တဲ့အတွက် မညီမညာဖြစ်တတ်ပါတယ်။ ဒီပြသနာကို ကျော်လွှားနိုင်ဖို့အပေါ်နှုတ်ခမ်းကိုအရင်ဆိုးပါ ပြီးမှအောက်နှုတ်ခမ်းကိုသီးသန့်စီဆိုးပါ။

(၄) နှုတ်ခမ်းနီ အများကြီးတခါတည်းဆိုးခြင်းကိုရှောင်ပါ

ကြာကြာခံလိုတဲ့ဇောနဲ့ တခါတည်းအများကြီးဆိုးမိတတ်ပါတယ်။ တခါတည်းအများကြီးဆိုးမိတဲ့အခါ နှုတ်ခမ်းသားခြောက်သွေ့ ကွဲအက်တာနဲ့ ထူပိန်းလေးလံတဲ့ ခံစားချက်တွေကို ဖြစ်ပေါ်စေတတ်ပါတယ်။ ဒီလိုတွေမဖြစ်ရအောင် နှုတ်ခမ်းနီကို အနည်းငယ်သာဆိုးပြီး သင့်ရဲ့ လှပတဲ့ လက်ချောင်းလေးတွေနဲ့ ဖိသိပ်ခြင်းဖြင့် ပိုမိုပေါ့ပါးတဲ့အသွင်ကိုရရှိပြီး တာရှည်ခံစေမှာဖြစ်ပါတယ်။

 

(၅) နှုတ်ခမ်းနီကို တိုက်ရိုက်ဖျက်ခြင်းမှရှောင်ကြဉ်ပါ။ 

နှုတ်ခမ်းနီ Matte Type တွေဟာ အရောင်အရမ်းစွဲတဲ့အတွက်ကြောင့် တိုက်ရိုက်ဖျက်တဲ့အခါမှာ နှုတ်ခမ်းသားတွေ ပွန်းပဲ့ပျက်စီး တတ်ပါတယ်။ ဒီလိုတွေမဖြစ်ရအောင် Vaseline ကို နှုတ်ခမ်းနီအပေါ်မှာ သုတ်လိမ်းပြီး (၅)မိနစ်ခန့်ထားပြီးမှ တစ်ရှူး (သို့) Makeup Remover ဖြင့် ဖျက်ခြင်းအားဖြင့် ပိုမိုလွယ်ကူအောင်ပြုလုပ်နိုင်ပါတယ်။

Crd;

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။