ထောက်ဖောက်ပြေးပြီးမှ ထောင်အပြင်ဘက် အေးလို့ ထောင်ထဲပြန်ဝင်လာတဲ့ အအေးကြောက်သူကြီး

ထောင်ဖောက်ပြေးတဲ့ သမိုင်းကြောင်းတလျှောက်မှ အမေရိကန်နိုင်ငံက အကျဉ်းသားတစ်ဦးဟာ အားကြိုးမာန်တက်နဲ့ ကျားကုတ်ကျားခဲ ထောင်ဖောက်ပြေးခဲ့ရပြီးနောက် အဆုံးသတ်မလှခဲ့တဲ့ ရင်နာစရာအဖြစ်က လူတော်တော်များများကို စိတ်ဝင်စားစေခဲ့ပါတယ်။

 

အမေရိကန်ပြည်ထောင်စု၊ ကန်တက်ကီအကျဉ်းထောင်တစ်ခုရဲ့ လုံခြုံရေးအစောင့်အင်အားနည်းတဲ့ အခြေအနေမှာ ထောင်ဖောက် ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့ အသက် (၄၂)နှစ်အရွယ် အကျဉ်းသား ရော်ဘတ်ဘတ်လို့ခေါ်တဲ့ အမျိုးသားကို ထောင်ဖောက်ထွက် ပြေးသွားတယ်လို့ သိသိချင်းမှာပဲ ထောင်လုံခြုံရေးနဲ့ အစောင့်တွေက သည်းကြီးမည်းကြီး လိုက်လံရှာဖွေနေခဲ့ကြပါတယ်။

တကယ်လို့ အကျဉ်းသားက လွတ်မြောက်သွားခဲ့တဲ့ တာဝန်ရှိတဲ့လူတွေအကုန်လုံး ကြီးလေးတဲ့ ပြစ်ဒဏ်ကို ခံရမှာမို့ အကုန် ပိုက်စစ်တိုက် ရှာဖွေခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ သိပ်ကြာကြာတောင်မရှာလိုက်ရဘူး ထွက်ပြေးသွားတဲ့ အကျဉ်းသားဟာ သူ့ဘာသာပြန်လာခဲ့ပါတယ်။

ဒါနဲ့ တာဝန်ရှိတဲ့ ထောင်အရာရှိတွေကလည်း ၎င်းအကျဉ်းသားကို စစ်ဆေးမေးမြန်းတဲ့အချိန်မှာ အကျဉ်းသားက အပြင်မှာ အရမ်းအေးတယ် .. ဘယ်လိုမှကို မခံနိုင်တော့လို့ ပြန်လာခဲ့တာလို့ ဖြေခဲ့ပါတယ်။ တကယ်လည်း ထောင်အပြင်ဘက်မှာက သုညဒီဂရီအောက်ဆုံးထိ ကျအောင်ကို အေးခဲနေခဲ့ပါတယ်။ ဒါကြောင့်လည်း အပြင်မှာ (၁)နာရီလောက်ထပ်နေရင် အသက်သေဆုံးတဲ့အထိဖြစ်နိုင်တာမို့ နွေးထွေးတဲ့ ထောင်ကို ပြန်လာခဲ့တာပဲဖြစ်ပါတယ်။ 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။