ကိုယ်ဝန်ရှိတယ်ထင်ပြီး ဆေးရုံသွားပြမှ ကင်ဆာရောဂါဖြစ်နေမှန်းသိကာ သေဆုံး

Xiao Jia လို့ခေါ်တဲ့ အသက် (၂၃)နှစ်အရွယ် ကောင်မလေးတစ်ဦးရဲ့ ဝမ်းဗိုက်ဟာ တနေ့တခြား ဖောင်းကားလာပြီး နာကျင်မှု ဝေဒနာကို ခံစားလာခဲ့ပါတယ်။ သူမဟာ အရင်လို ဓမ္မတာလည်း အချိန်မှန်မလာတော့တာမို့ မိခင်ဖြစ်သူတွေက ကိုယ်ဝန်ရှိနေပြီလို့ ထင်ခဲ့ကြပါတယ်။

အဲ့လို ဗိုက်အောင့်တဲ့ဝေဒနာကို စတင်ခံစားရချိန်ဟာ တက္ကသိုလ်တက်နေချိန်ဖြစ်ပါတယ်။ သူမဟာ စာကို ညဉ့်နက်တဲ့အထိ စာကြိုးစားလေ့ရှိပြီး သူကြိုးစားမှ အလုပ်ကိုင်ကောင်းကောင်းရကာ မိသားစုကို ပြန်လည်ကြည့်ရှု့နိုင်မယ်လို့ တွေးခဲ့ပါတယ်။ ဒါပေမယ့် သူမဟာ စာကိုသာ အသည်းအသည်ကြိုးစားနေခဲ့ပြီး ကျန်းမာရေးကို ဂရုမစိုက်မှုကြောင့် နောက်ဆုံးတော့ အိပ်ယာထဲလဲခဲ့ရပါတယ်။

Xiao ရဲ့ ဝမ်းဗိုက်ဟာ တဖြည်းဖြည်းနဲ့ ဖောင်းကားလာသဖြင့် ကိုယ်ဝန်ရှိတယ်ထင်ကာ ဆေးရုံကို သွားရောက်စစ်ဆေးလိုက်တဲ့အခါ ကိုယ်ဝန်ရှိနေတာ မဟုတ်ဘဲ အသည်းကင်ဆာ အဆင့်(၄)အထိ ဖြစ်နေမှန်းသိလိုက်ရပါတယ်။ ကင်ဆာရှိနေမှန်းသိလိုက်ရတဲ့ Xiao ဟာ ဆေးရုံတင်ပြီး နောက်တနေ့ ညပိုင်းရောက်တော့ သေဆုံးသွားခဲ့ပါတယ်။

Xiao Jia ရဲ့အမေဖြစ်သူလည်း သမီးလေး သေဆုံးသွားပြီဆိုတာသိပေမယ့် ယူကျုံးမရဖြစ်ကာ ဆရာဝန်တွေကို အတင်းကို ပြန်ကယ်တင်ပေးဖို့ တောင်းဆိုနေခဲ့ပါသေးတယ်။ ဒါပေမယ့် ဆရာဝန်ကြီးတွေက ဆေးရုံရောက်လာတာ အရမ်းကို နောက်ကျနေပြီ စောစောသာ ရောက်လာရင် အခုလို အဖြစ်ဆိုးမျိုးနဲ့ ကြုံမှာ မဟုတ်ဘူးလို့ ရှင်းပြခဲ့ပါတယ်။

ဒါကြောင့် ဆရာဝန်ကြီးတွေက အိပ်ရေးဝအောင် အိပ်၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် စား၊ လုံလောက်တဲ့ရေကို သောက်ပြီး သင့်တင့်လျှောက်ပတ်စွာ နေထိုင်ဖို့ အမြဲပြောပါတယ်။ စာတွေကြီးပဲ လုပ်မနေဘဲ ခန္ဓာကိုယ် သွေးလည်ပတ်မှုကောင်းအောင် ကျန်းမာရေး လေ့ကျင့်ခန်းလေးတွေလည်း လုပ်သင့်ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။