Even Blass ကနေ ဖော်ထုတ်လိုက်တဲ့ Samsung ရဲ့ ဝှက်ဖဲသုံးချပ်

Even Blass ဆိုတာ နာမည်ကြီး ဖုန်းတွေရဲ့ အတွင်းသတင်းတွေကို Public သိအောင် ဖြန့်ဝေရာမှာ နာမည်ကြီးလှတဲ့ Website တစ်ခုပါ။ အခုလည်း Even Blass ကနေ ဖေဖော်ဝါရီ ၂၀ မှာ ပြုလုပ်မယ့် Samsung ရဲ့ Foldable ဖုန်းသစ်မိတ်ဆက်ပွဲမှာ ပါဝင်လာနိုင်ခြေရှိတဲ့ Galaxy S10 အမျိုးအစားဖုန်းတွေ ကို EB ကနေ ချပြခဲ့ပါတယ်။

အဲ့ဒါတွေကတော့ Galaxy S10 ရဲ့ ဗားရှင်းသုံးမျိုးဖြစ်ကြတဲ့ S10E, S10 နဲ့ S10+ တို့ပါပဲ။

Galaxy S10 ဟာ ဗားရှင်းသုံးမျိုးနဲ့လာလိမ့်မယ်ဆိုတာတော့ လူတော်တော်များများသိကြပါတယ်။ အဲ့ဒီအထဲကမှ S10 နဲ့ S10+ တွေက OLED မှန်အခုံးတွေ၊ လက်ဗွေစနစ်တွေပါဝင်လာဖွယ်ရှိနေပါတယ်။ ဈေးနှုန်းအနေနဲ့ကြည့်မယ်ဆိုရင်လည်း S10 နဲ့ S10+ က ပိုပြီးချိုသာမှာပါ။ သဘောကတော့ S10E အနေနဲ့ ဈေးအနည်းငယ်အော်မယ့် သဘောမှာရှိပါတယ်။ နောက်ထပ်အတည်မပြုနိုင်တဲ့သတင်းတစ်ခုအရ အဆိုပါ ဖုန်းသုံးလုံးစလုံးဟာ 5G နက်ဝါ့ခ်ကွန်ယက်ကိုထောက်ပံ့ပေးနိုင်ပါတယ်တဲ့။ ပြီးခဲ့တဲ့ ဇန်နဝါရီလအစတုန်းကလည်း EB ဟာ Samsung S10 ရဲ့ ရှေ့ပြေးမော်ဒယ်လ် ( Prototype ) တစ်ခုကိုချပြခဲ့ပါသေးတယ်။w

ပုံတွေအရတော့ Galaxy S10 ဟာ မှန်သားပြင်အပြည့်ဖြစ်ပြီး Notch မပါဝင်ပါဘူး။ S10 မှာ အနောက်ကင်မရာနှစ်လုံးပါဝင်မှာဖြစ်ပြီး ကျန်တဲ့ဖုန်းတွေမှာတော့ ကင်မရာ သုံးလုံးစီပါဝင်ပါမယ်။ S10+ ကတော့ ဒေါင်လိုက်ချိုင့်ခွက်ထဲမြှုပ်ထားတဲ့ Front Camera ခပ်ကြီးကြီးတစ်စုံပါဝင်မှာဖြစ်တယ်လို့ဆိုပါတယ်။

သတင်းတွေကတော့ တရားဝင်မဟုတ်သေးပေမယ့် EB ရဲ့ Leak တွေက မှန်တတ်တာမို့ မဟုတ်ဘူးလို့လည်းပြောမရသေးတာကြောင့် လာမယ့် ဖေဖော်ဝါရီ ၂၀ ကိုပဲ စောင့်ကြည့်ရတော့မှာပါ။

Gabriel
Source : theverge.com



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။