အမေနဲ့ ညီမအရင်းကို (၂)ကြိမ်တိုင် အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တဲ့ ကောင်လေး

ငယ်ရွယ်လွန်းတဲ့ (၁၂)နှစ်မှ (၁၇)နှစ်အတွင်း ကလေးငယ်တွေဟာ တဏှာရာဂ အရမ်းကို ကြီးမားတတ်ပါတယ်။ ဒါဟာ ပင်ကိုယ်ဗီဇကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သလို တိုးတက်လာတဲ့ခေတ်ကြီးနဲ့အညီ Porn Video တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက် မပေါ့တပေါ် ဝတ်စားပြီး အကိတ်ကိုပြချင်လွန်းတဲ့ မိန်းမသားတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ငယ်ရွယ်ပြီး စိတ်တွေ အရမ်းကြွနေတတ်တဲ့ လူငယ်တွေဟာ အထိအတွေ့၊ အယုအယကို ထိတွေ့မိတာနဲ့ မှုန်ယိုနေတဲ့ ဆင်ရိုင်းတစ်ကောင်လို စိတ်တွေ ထန်တတ်ပါတယ်။ ဒါကြောင့်လည်း ကလေးတွေဟာ ရိုင်းစိုင်းလာပြီး မလိုအပ်တဲ့ ပြစ်မှုတွေဖြစ်လာခဲ့ပါတယ်။

အခုလည်း Barangay Pasong Tamo, Quezon မြို့မှာနေထိုင်တဲ့ အသက် (၁၇)နှစ် Karlo ဆိုတဲ့ ကောင်လေးဟာ အမေရင်းအား အဓမ္မပြုကျင့်ရန် ကြိုးစားမှုကြောင့် ဖမ်းဆီးခံလိုက်ရပါတယ်။ ဒါ့အပြင် Karlo ဟာ သူ့အမေတင်မက (၁ဝ)နှစ်သာရှိသေးတဲ့ ညီမလေးကိုလည်း အဓမ္မပြုကျင့််ခဲ့တယ်လို့ အမေဖြစ်သူ Clara က ပြောပြပါတယ်။ “ သူ့ကိုဖမ်းလိုက်တာ ကောင်းပါတယ်။ သူက ကျမတို့ကို မိသားစုလို့ သူမမြင်တော့ဘူး။ ကျမတို့ကို တိရစ္ဆာန်တွေလို ဆက်ဆံနေတယ် ” လို့ ပြောပြပါတယ်။ ဟိုအရင်တုန်းကလည်း Karlo ဟာ အမေဖြစ်သူအခန်းထဲကို ဝင်လာပြီး ဓားနဲ့ ထောက်ကာ ပိုက်ဆံယူသွားခဲ့ဖူးတယ်လို့လည်း သိရပါတယ်။ 

အမေဖြစ်သူ Clara လည်း အရမ်းကို စိတ်ညစ်သွားပြီး မနက်လည်းရောက်ရော ညီမဖြစ်သူကိုပါ အဓမ္မပြုကျင့်သွားတာ တွေ့လိုက်ရပါတယ်။ သူမ အရမ်းကို လန့်ဖြန့်သွားပြီး ပြောစရာစကားတွေ ဆွံအသွားခဲ့တယ်။ Karlo က ညီမအရင်းကိုတောင် အဓ္ဓမပြုကျင့်တဲ့အပြင် ခြိမ်းခြောက်သွားပါသေးတယ်။ ဒီကိစ္စကို လျှောက်ပြောရင် ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုပြီးတော့ပေါ့။ 

နောက်ဆုံး ရဲတွေ ဖမ်းမိပြီး စစ်ဆေးလိုက်တော့မှ Karlo ဟာ မူးယစ်ဆေးတွေကို အလွန်အကျွံသုံးစွဲထားပြီး လူစိတ်ပျောက်နေမှန်း သိလိုက်ရပါတယ်။ ဒါ့အပြင် သူဟာ ဟိုအရင်တည်းက တဏှာစိတ်အရမ်းကြီးတဲ့ ကလေးလို့လည်းသိရပါတယ်။ အခုတော့ Karlo ကို မူးယစ်ဆေး သုံးစွဲမှု၊ အဓမ္မပြုကျင့်မှုတို့နဲ့ တရားစွဲဆိုထားပါတယ်။

Source; pinoytrendsofw.blogspot.com

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။