အကင်ဆိုင်တွေမှာရောင်းတဲ့ ကြက်ဥပေါင်း ပြုလုပ်ပုံ

သားသားမီးမီးတွေက ကြက်ဥကို အခုလို ပေါင်းကျွေးရင် ကြိုက်နှစ်သက်ကြပါတယ်။လွယ်ကူမြန်ဆန်စွာ လုပ်ရလွယ် လွန်း တာမို့ ကြိုးစားကြည့်ကြပါနော်။

ပါဝင်ပစ္စည်းများ

၁။ ကြက်ဥ ၁၀လုံး

၂။ ဆား လက်ဖက်ရည်တဇွန်း(4g)

၃။ ငရုတ်ကောင်း လက်ဖက်ရည်ဇွန်းတဝက်(2g)

၄။ ခရုဆီ လက်ဘက်ရည်ဇွန်းတဇွန်း(4g)

၅။ ဆေးထိုးအပ် 20cc or 50 cc တချောင်း

၆။ tissue စက္ကူ အနည်းငယ်

ပြုလုပ်ပုံ

ကြက်ဥကို ချွန်နေသော ထိပ်ဘက်မှနေ၍ ဓားဖြင့် ဆေးထိုးအပ် ထိပ်ဝထက် အနည်းငယ်ပိုကျယ်သော အနေအထားဖြင့် ဖောက်ယူပါ။ အထဲမှရှိသော အစာများကို စုပ်ထုတ်ပါ။ ဇလုံတလုံးအတွင်းထည့်ပါ။

ဆား၊ ငရုတ်ကောင်း၊ခရုဆီ တို့ကို ရောထည့်၍ နာနာခေါက်ပါ။ ဆေးထိုးအပ်ဖြင့် စုပ်ယူပြီကြက်ဥခွံ့ လေးပုံ သုံးပုံပြည့်အောင်ပြန်ဖြည့်ပါ။ ပေါင်းမည့်အိုးကို ရေထည့်ပါ။ပေါင်းခံမည့် ဇကာ ထဲတွင် တစ်ရှူးတစကို အောက်မှခံပြီး ဖြည့်ထားသော ကြက်ဥကို ထည့်ပါ။ကြက်ဥမလဲ၊မစောင်းစေရ။ ပေါင်းမည့်အိုး အဖုံးသည် မှန်အကြည်ဖြစ်လျှင် ပိုကောင်းပါသည်။ လျှပ်စစ် မီးဖို တွင် အပူချိန် ၈၀၀°C ဖြင့် အိုးအဖုံးတွင် ရေငွေ့ သီးလာသည်အထိထားပါ။ အဖုံးကိုပြန်ပိတ်ပါ ။ နည်းနည်းရေငွေ့ သီးလာလျှင် ပြန်ဖွင့်ပါ။ စုစုပေါင်း ရေဆူသည်မှ ၁၀မိနစ်ခန့် တည်ပေးပါ။တည်နေစဉ် အိုးဖုံးကို ရေငွေ့သီးလာသည်နှင့် ပိတ်လိုက်ဖွင့်လိုက် လုပ်ပေးရန် လိုပါသည်။ ကြက်ဥထိပ်မှနေ၍ သွားကြားထိုးတံဖြင့် ထိုးကြည့်ပါ။ အထဲသား ကျက်လျှင်မီးပိတ်၍ အိုးအပူရှိန်ဖြင့် ၁၀မိနစ်ခန့်ထားပြီးမှ အအေးခံပါ။

အိမ်လုပ် ကြက်ဥပေါင်း သန့်သန့်လေး ရပါပြီ. . .

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။