ဇန်နဝါရီ ၂၄ ရက်နေ့မှာ ရန်ကုန်မြို့တွင်း အောက်ပါမြို့များ လျှပ်စစ်မီးယာယီပြတ်တောက်မည်

ရန်ကုန်တိုင်းဒေသကြီး အတွင်းက မြို့နယ်အချို့ဟာ ဇန်နဝါရီ ၂၄ ရက်နေ့အရောက်မှာ လျှပ်စစ်မီးယာယီပြတ်တောက်မှာဖြစ်တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ဇန်နဝါရီ ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး ခရိုင် နဲ့ မြို့နယ်တွေမှာ ( ၆၆ ) ကေဗွီ၊ ( ၃၃ ) ကေဗွီ ဓာတ်အားခွဲရုံတွေရဲ့ Distribution Transformer တွေ ထိန်းသိမ်းပြုပြင်ခြင်း နဲ့ ဓာတ်အားပြည့်ပြည့်၀၀ပေးနိုင်ဖို့အတွက် ဟောင်းနွမ်းနေတဲ့ ဓာတ်အားလိုင်းကြိုးတွေကို လဲလှယ်မှာဖြစ်တဲ့အတွက် ဇန်နဝါရီ ၂၂ ရက်မနက်ပိုင်း ၉ နာရီကနေ နေ့လည် ၁၂ နာရီအထိ လျှပ်စစ်ဓာတ်အားတွေပြတ်တောက်မှာဖြစ်ပါတယ်။

ဓာတ်အားပြတ်တောက်မှုဖြစ်မယ့် မြို့နယ်တွေကတော့ ရန်ကင်း၊ ဗိုလ်တစ်ထောင်၊     မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ သာကေတ၊ ဒဂုံ(ဆိပ်ကမ်း)၊ ဒဂုံ(တောင်)၊ ဒဂုံ(မြောက်)၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း ၊ဒေါပုံ၊ ကြည့်မြင်တိုင်၊ ကမာရွတ်၊ အလုံ၊ မရမ်းကုန်း၊ လမ်းမတော်၊ ဗဟန်း၊ လှိုင်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ အင်းစိန်၊ လှည်းကူး၊ မှော်ဘီ၊ ဖောင်ကြီး၊ ဒါးပိန်၊ အင်းတိုင်၊ မြောင်းတကာ၊ ဥက္ကံ၊ ထန်းတပင်၊ ထောက်ကြန့်၊ အဖျောက်မြို့နယ်များရှိ ရပ်ကွက်အချို့၌ အချိန်ပိုင်းဓာတ်အားပြတ်တောက်မှာဖြစ်ပါတယ်။

အဲဒီလို ဆောင်ရွက်ရခြင်းဟာ ဓာတ်အားပြတ်တောက်မှုလျော့နည်းစေဖို့ ကြိုတင်ပြင်ဆင်ရတာဖြစ်လို့ ယာယီဓာတ်အားပြတ်တောက်ခြင်းကြောင့် လူမှုရေးဆိုင်ရာအခက်အခဲတစ်ချို့ပေါ်ပေါက်နိုင်ကြောင်းကိုလည်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း က ထုတ်ပြန်ထားပါတယ်။

Gabriel






we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။