Spider Man Fan တွေအတွက် Trailer ထွက်လာခဲ့တဲ့ Spider Man ; Far From Home 

Spider Man Fan တွေ လက်မလွတ်သင့်တဲ့ Spider Man ; Far From Home ရဲ့ Official Trailer လေးကတော့ ၂၀၁၉၊ ဇန်နဝါရီ (၁၅)ရက်နေ့ ထွက်ရှိလာခဲ့ပါပြီ။ အရင်တုန်းက ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့မတူဘဲ အသစ်ဆန်းလေးဖြစ်မယ့်အပြင် ဒါရိုက်တာကြီး Jon Watts နဲ့ ဇာတ်ညွှန်း Chris McKenna ၊ Erik Sommers တို့ရဲ့ Creative တွေကို ပရိတ်သတ်ကြီးအနေနဲ့ တွေ့မြင်ရမှာဘဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ Spider-Man: Homecoming (2017) ရဲ့အဆက်ဖြစ်တဲ့အတွက် မင်းသား Tom Holland ကပဲ Peter Paker အဖြစ် ပြန်လည် သရုပ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အခြားအနုပညာရှင်များဖြစ်တဲ့ Samuel L. Jackson, Zendaya, Cobie Smulders, Jon Favreau တို့လည်း ပါဝင်မှာဘဲဖြစ်ပါတယ်။ ကဲ … ဒီတော့ Trailer မကြည့်ရသေးတဲ့ ပရိတ်သတ်ကြီးအတွက် အောက်မှာ Trailer Video လေးတင်ပေးလိုက်ပါတယ်နော် ………

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။