Kpop ကို အားပေးကြိုက်နှစ်သက်ကြတဲ့ Kpoper မြန်မာဆယ်လီအနုပညာရှင်များ

နိုင်ငံတကာက အားပေးနေကြပြီး အောင်မြင်နေကြတဲ့  Kpop အဆိုတော်တွေကို ကြိုက်နှစ်သက်ကြတဲ့ မြန်မာအနုပညာရှင်တွေက ဘယ်သူများပါလိမ့်

ကောင်းမြတ်စံ



ကောင်းမြတ်စံကတော့ ဆယ်ကျော်သက် Kpoper တွေနဲ့အပြိုင်ပါဘဲ ။ BLACKPINK  Fan ( BLINK ) တစ်ယောက်ဖြစ်တဲ့အပြင်ကို အရမ်းနာမည်ကြီးတဲ့ ကိုရီးယားအဆိုတော်အဖွဲ့တွေရော ရုပ်ရှင်သရုပ်ဆောင် တွေကိုပါ သူရဲ့ IG မှာ Follow လုပ်ထားတာတွေ့ရပါတယ်။



နေခြည်ဦး



ချီလီတို့ရဲ့ အချစ်တော် မတ်မတ်နေခြည်ကတော့ နာမည်ကြီးတဲ့ ကိုရီးယားအဆိုတော်အဖွဲ့ဖြစ်တဲ့ BTS နဲ့ BLACKPINK ကို သဘောကျသူတစ်ယောက်ဖြစ်ပါတယ်။ BLACKPINK အဖွဲ့ မှာဆို ထိုင်းအဖွဲ့ဝင်ဖြစ်တဲ့ Lisa ကို သဘောကျတာဖြစ်ပြီး သူမရဲ့ IG Acc မှာလဲ Follow လုပ်ထားတာတွေ့ရပါတယ်။



နန်းသူဇာ



အဆိုတော် နန်းသူဇာကလဲ နေခြည့်လိုပါဘဲ BLACKPINk အဖွဲ့ဝင် Lisa ရဲ့ Fan တစ်ယောက်ဖြစ်တာကို ခုလိုတွေ့ရပါတယ်။



အိန်ဂျယ်လမုန်



အိန်ဂျယ်ကတော့ Kpop song အတော်များများကို နားထောင်တတ်ပြီး နာမည်ကြီးတဲ့ BTS နဲ့ BLACKPINK EXO အဖွဲ့တို့ကို သဘောကျတဲ့သူလေးဖြစ်ပါတယ်။


YoKo San

နာမည်ကြီးတဲ့ Stylist Model တစ်ယောက်ဖြစ်တဲ့ Yoko San ကလဲ K fashion နဲ့ kpop ကို သဘောကျသူတစ်ယောက်ပါ။ ထိုင်းလူမျိုး ကိုရီးယားအဆိုတော်ဖြစ်တဲ့ BLACKPINK Lisa  နဲ့ Got-7 Bam Bam တို့ကို Follow လုပ်ထားတာတွေ့ရပါတယ်။




ယွန်းယွန်း



အချစ်တော် ယွန်းယွန်းလေးက Lisa ရဲ့ fan တစ်ယောက်ပါ။



ဘန်နီဖြိုး


နာမည်ကျော်အဆိုတော် Bunny phyoe ကတော့ အရမ်း Hit ဖြစ်တဲ့ Kpop အဆိုတော်တွေကို ကြိုက်နှစ်သက်ပုံပါ။ သူရဲ့ IG acc မှာဆိုရင် CL , GD နဲ့ BLACKPINK Rose တို့လဲ  follow ထားပါတယ်။



ဖြူဖြူကျော်သိန်း

ဖြူဖြူကျော်သိန်းက အရမ်းနာမည်ကြီးတဲ့ 2NE1 ကို သဘောကျပြီးတော့ Mizzy acc ကို IG မှာ follow ထားတာတွေ့ရပါတယ်။



ပိုးမမှှီသာ



အရမ်းကိုချစ်ဖို့ကောင်းပြီး နာမည်ရနေတဲ့ ပိုးမမှီသာလေးကတော့ SM stan လိုတောင်ပြောရမလားဘဲ. SuperJunior အဖွဲ့ဝင်တွေ နဲ့ SM Town IG များကို Follow ထားပါတယ်။



နော်ဖော်အယ်ထား



တိုင်းရင်းသူလေး နော်ဖော်က 2NE1 ရဲ့အခိုင်အမာပရိသတ်တစ်ယောက်ပါ။ secretary kim အဖြစ် အလှဓာတ်ပုံရိုက်ခဲ့တာလဲ နော်ဖော်အယ်ထားပါဘဲ။



ခင်ဝင့်ဝါ



ကလေးလေး လို့ ချစ်စနိးခေါ်ကြတဲ့ ခင်ဝင့်ဝါလေးကလဲ 2NE1 Fan ပါဘဲနော်။ 



ပရိသတ်တို့ ချစ်တဲ့ မြန်မာအနုပညာရှင်တွေက ခုလို Fan တွေဖြစ်ကြတယ်ဆိုတော့ စိတ်ထဲထပ်တူကြသွားတာပေါ့ ..။
သိကြတဲ့ မြန်မာဆယ်လီ Kpop Fan တွေရှိရင်ပြောပေးကြပါအုံးနော်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။