Messenger, Whatsapp နဲ့ Instagram တို့ရဲ့ စာပို့စနစ်တွေကိုပေါင်းစပ်ဖို့စီစဉ်နေတဲ့ Facebook

သတင်းကတော့ တကယ့်ကို shock ရစရာပါပဲ။ ဖေ့စ်ဘွတ်ခ် ဟာ သူ့ရဲ့ other social app တွေဖြစ်ကြတဲ့ Whatsapp, Messenger နဲ့ IG တို့ရဲ့ စာပို့စနစ်တွေကို တစ်ခုတည်းဖြစ်အောင် ပေါင်းစပ်ဖို့စီစဉ်နေပြီလို့သိရပါတယ်။

အဲဒီလိုပေါင်းစပ်လိုက်ခြင်းကြောင့် app တစ်ခုနဲ့တစ်ခုကတော့ integrate ( ရောနှော ) သွားမှာ မဟုတ်ပေမယ့် app တစ်ခုခြင်းစီရဲ့ စာပို့စနစ်တွေကတော့ တစ်ခုနဲ့တစ်ခု ကွန်ယက်လိုမျိုး ဆက်နွယ်မှုရှိသွားမှာပါ။ ပြောရရင် သိပ်ပြီး risk များတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်သလို မတူညီတဲ့လူမှုကွန်ယက်ပလက်ဖောင်းသုံးခုကို ရောနှောပစ်လိုက်တဲ့ ပထမဆုံးခြေလှမ်းလည်းဖြစ်ပါတယ်။

အဲဒီ သုံးမျိုးရောနှောခြင်း ပရောဂျက်အတွက် အခုကတည်းက စတင်အကောင်အထည်ဖော်နေတာဖြစ်ပြီး လာမယ့် ၂၀၂၀ အစောပိုင်းလောက်မှာ စတင်အသုံးပြုနိုင်မှာဖြစ်တယ်လို့ Facebook ရဲ့ ထုတ်ပြန်ချက်အပေါ် ကိုးကားပြီး Newyork Times က ဆိုပါတယ်။

အဲဒီပရောဂျက်ပြီးပြီဆိုတာနဲ့ မတူညီတဲ့ app သုံးခု ( FB, IG, Whatsapp ) ပေါ်မှာရှိနေကြတဲ့သူတွေဟာ တခြား app တစ်ခု ( ဥပမာ - ကိုယ့်ဖုန်းထဲမှာ Whatsapp account မရှိရင်တောင် ) ရှိနေဖို့မလိုအပ်ပဲ common ( ဘုံ ) အဖြစ် အသုံးပြုထားတဲ့ စာပို့စနစ်ကနေ အချင်းချင်းဆက်သွယ်လို့ရမှာဖြစ်ပါတယ်။ Whatsapp user ကနေ IG နဲ့ FB user တွေကို တိုက်ရိုက်လှမ်းပြီး စာပို့ဆက်သွယ်နိုင်တာမျိုးပေါ့။

ဘုံအဖြစ်သုံးထားတဲ့ message system ဖြစ်တာကြောင့် အရင်က MIRC Chat လိုမျိုး လူတစ်ပြုံတစ်မကြီး ဝင်သုံးလို့ရနေမှာ၊ ကိုယ့် message တွေကို public မြင်သွားနိုင်မှာ စတဲ့ မေးခွန်းတွေနဲ့ပတ်သက်ပြီးလည်း user အချင်းချင်းပို့လိုက်တဲ့ message တွေဟာ encrypt လုပ်ထားတာဖြစ်လို့ အဲ့ဒီ conversation မှာပါဝင်နေတဲ့ participant တွေပဲ မြင်နိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

FB ဟာ ၂၀၁၂ မှာ Instagram နဲ့ ၂၀၁၄ မှာ Whatsapp တို့ကို ဒေါ်လာဘီလျံနဲ့ချီ ဝယ်ယူခဲ့တာဖြစ်ပြီး လက်ရှိ ပရောဂျက်ဟာ  ချစ်ခင်သူမိတ်ဆွေတွေ၊ သူငယ်ချင်းမိတ်ဆွေ၊ မိသားစုဝင်တွေနဲ့ ပိုမိုပြီး နီးကပ်တဲ့ဆက်သွယ်ရေးမျိုးရှိအောင်ပြုလုပ်ခြင်းဖြစ်တယ်လို့ FB တာဝန်ရှိသူတစ်ဦးက Newyork Times ကို ထပ်မံပြောကြားခဲ့ပါတယ်။

Gabriel
Source : Facebook plans to merge IG, Messenger & Whatsapp’s messaging systems by Dailymail.co.uk ကို ဆီလျော်အောင်ပြန်ဆိုသည်။





we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။