မိန်းမဖြစ်သူကို တခြားယောကျာ်းနဲ့အတူတူ ဟော်တယ်ခန်းထဲမှာ လက်ပူးလက်ကြပ်တွေ့ရသောအခါ

ရည်းစားလေးထားလို့ ကိုယ့်ရည်းစားကို တခြားသူက တဏှာရည်တွေရွှဲနေတဲ့ မျက်လုံးကြီးတွေနဲ့စိုက်ကြည့်တဲ့အခါ ဒေါသတွေအလိပ်လိုက်ထွက်သေးတာ … ကိုယ်ချစ်လို့ယူထားတဲ့ မိန်းမ ကို တခြားသူတစ်ယောက်ယောက်နဲ့ဟော်တယ်ခန်းတစ်ခန်းထဲမှာ Private matter တွေလုပ်နေတာမြင်ရရင်ဘယ်လိုတွေတောင်နေမလဲ ?

အိမ်ထောင်ရေးဆိုတာ အပြန်အလှန်ချစ်ခြင်း၊ ယုံကြည်မှု၊ နားလည်မှု တွေနဲ့တည်ဆောက်ထားတာမှန်ပေမယ့် လူမှုအသိုင်းအဝိုင်းထဲမှာ အဆိုးဆုံးဖြစ်တဲ့ လူမှုရေးဖောက်ပြန်တာ ( perversity ) ကိုတော့ ခွင့်လွှတ်ပေးနိုင်တဲ့လူမျိုးရှားပါတယ်။
တကယ်လို့ သင်ကိုယ်တိုင်က ဝေဿန္တရာမင်းကြီးလိုမျိုး ခန္တီပါရမီပြည့်နေရင်တော့ မပြောတတ်ဘူးလေ။

ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာနိုင်ငံရဲ့ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ဟိုးလေးတစ်ကျော်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုရှိခဲ့တယ်။ အဲ့ဒါကတော့ အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့အမျိုးသမီးဖြစ်သူကို ဟိုတယ်ခန်းထဲမှာ တစ်ခြားအမျိုးသားတစ်ယောက်နဲ့လက်ပူးလက်ကြပ်မိခဲ့တဲ့အဖြစ်ပါပဲ။

ဗီဒီယိုဖိုင်ထဲမှာ အမျိုးသမီးဖြစ်သူက ( ဖောက်ပြန်တာ ) မဟုတ်ပါဘူး ဆိုပြီး ငြင်းတယ်။ ဒါပေမယ့် အတွင်းခံအဝတ်တွေ၊ ကွန်ဒုံးတွေက သက်သေအဖြစ်ရှိနေခဲ့ပါတယ်။ သူမနဲ့အတူတူရှိနေတဲ့ အမျိုးသားနာမည်က “ အောင်သူ “ လို့သိရပြီး သူကလည်း ငါမူးနေလို့ ဆိုပြီး ဖြေရှင်းချက်တွေပေးပြန်တယ်။

မိုးကြိုးပစ်တာကို ထန်းလက်နဲ့ကာတယ် ဆိုတဲ့စကားပုံက ဒီမှာအသုံးဝင်ပါတယ်။

နောက်ထပ် ဗီဒီယိုဖိုင်တစ်ခုမှာတော့ အမျိုးသမီးဖြစ်သူက ကွဲမယ်၊ ကွာမယ် တကဲကဲလုပ်တယ်။

သူခိုးက လူပြန်ဟစ် ဆိုတဲ့ စကားပုံက အသုံးဝင်သွားပြန်ပါပြီ။

ဘယ်ကိစ္စက ဘယ်လိုစဖြစ်တယ်ဆိုတာ ကာယကံရှင်ပဲသိမှာပါ။ ဒါပေမယ့် လက်ရှိအမြင်အရရော၊ လူမှုရေးရှုထောင့်ကပါကြည့်မယ်ဆိုရင် ဒါကသိပ်ပြီးမသင့်တော်ဘူးလို့မြင်ပါတယ်။
လက်ရှိမှာတော့ အဆိုပါဗီဒီယိုကို ကျော်မင်းခန့် ဆိုသူ လူမှုကွန်ယက်အကောင့်က ဝေမျှထားပြီး ပြန်လည်ဝေမျှသူ၊ ဝေဖန်လေကန်သူတွေနဲ့ စည်ကားလျက်ရှိနေပါကြောင်း ….

( Video ကို မူရင်းလင့်ခ်တင်သူက ပြန်လည်ဖြုတ်ချထားပါသည် )
Gabriel
Source : kyawminkhant fb

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။