တာချီလိတ်မှာ နာမည်ကြီးသူဌေးကြီးတစ်ဦး သေနတ်ဖြင့် ( ၇ ) ချက်တိတိပစ်သတ်ခံရ

တာချီလိတ်မြို့ရဲ့ နာမည်ကြီး သူဌေးကြီးတစ်ဦးဖြစ်သူ ဦးအားဖာ ( တပင်ရွှေထီး ) ကို ပြီးခဲ့တဲ့ ၂၉ ရက်နေ့၊ မွန်းလွဲပိုင်း တစ်နာရီလောက်က အခါမီးပွိုင့်မှာ အမည်မသိလူနှစ်ယောက်က သေနတ်နဲ့ ( ၇ ) ချက်တိတိပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။

ဦးအားဖာ က တာချီလိတ်မြို့၊ ဝိန်းကျောက် ရပ်ကွက်၊ အခါ မီးပွိုင့်မှာ မီးနီမိနေတဲ့အချိန်၊ မီးစိမ်းသွားလို့ ကားပြန်ထွက်ဖို့အလုပ်မှာ မျက်နှာကိုကွယ်ထားတဲ့ ဆိုင်ကယ်သမားနှစ်ယောက်က သေနတ်နဲ့ ( ၇ ) ချက်တိတိ အနီးကပ်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

သေနတ်ပစ်ခံရတဲ့ဒဏ်ရာကြောင့် ဦးအားဖာ သေဆုံးပြီး သေနတ်သမားနှစ်ဦးကိုတော့ ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေဆဲဖြစ်တယ်လို့သိရပါတယ်။

Gabriel
Source : ရွှေတြိဂံတိုင်း




we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။