ပရိသတ်တွေကြားမှာ အောင်မြင်တဲ့သီချင်းသစ်တွေနဲ့ နာမည်ကြီးရေပန်းစားလာတဲ့ အဆိုတော်များ

မြန်မာ့ဂီတလောကမှာ နိုင်ငံတကာလောက်ထိ ထိုးဖောက်နိုင်စွမ်းမရှိပေမယ့်လည်း နိုင်ငံတကာထိ ရင်ဘောင်တန်းနိုင်အောင် အကောင်းဆုံးဖော်ထုတ်ကြိုးစားနေကြတဲ့ လူငယ်အဆိုတော်များစွာ ရှိကြပါတယ်။ ဂီတလမ်းကြောင်းပေါ်မှာ နာမည်ရတဲ့သူအတော်များကလည်း ပြည်တွင်းမှာပိုပြီးနာမည်ရနေသလို ကိုယ်ပိုင် သံစဉ် နဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးလုပ်ပြီး အိမ်မက်တွေကိုအကောင်ထည်ဖော်ကာ အားကုန်ကြိုးစားနေတဲ့ လူငယ်အဆိုတော်တွေလည်း ရှိနေပါတယ်။ အခုဆိုရင် ခပ်မြုးမြုးကြွကြွ သံစဉ်လေးတွေနဲ့ ဂီတလူငယ်ပရိသတ်တွေ ရင်ထဲမှာနေရာယူနေတဲ့ အဆိုတော်တွေကတော့...

Double J


2018 အစောပိုင်းလောက်မှာ ပရိသတ်တွေ လူသိပိုများလာပြီး လူငယ်အကြိုက်သီချင်းပုံစံမျိုးတွေနဲ့ ဆိုတတ်တဲ့ အဆိုတော် Double J ကတော့ Team 143 အဖွဲနဲ့  "မတ်မတ်" ဆိုတဲ့သီချင်းက ပိုပေါက်ခဲ့တာ အားလုံးသိကြမှာပါ။

Sugar Daddy , မတ်မတ် , အသည်းခွဲတဲ့ မိုး , ဆောင်း စတဲ့ သီချင်းတွေဆိုရင်လည်း 2018 မှာ ပရိသတ်တွေရဲ့ အားပေးမူတွေ Feedback ကောင်းတွေ ရခဲ့ပါတယ်။

SHINE


အဆိုတော် SHINE ကလည်း အခုဆိုရင်  သူရဲ့ ပထမဆုံး Perfect MV လေး ထွက်ရှိခဲ့ပြီး Proposer ဆိုတဲ့ သီချင်းက လူငယ်တွေရဲ့ ပါးစပ်ဖျားမှာ စွဲနေခဲ့တာပါ။ SHINE က single သီချင်းတွေလည်း ထွက်ထားပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ 

JAZ3


JAZ3 ကို ပရိသတ်တွေအတော်များက Jason လို့ခေါ်ကြပါတယ်။ Jason က သီချင်း ဆိုယုံတင်မဟုတ်ဘဲ ကိုယ်ပိုင် သံစဉ် ကိုယ်ပိုင်ထုတ်လုပ်ရေးတွေလဲ လှုပ်ရှားနေသူတစ်ယောက်ပါ။ မကြာသေးခင်က New Single အနေနဲ့ ထွက်ရှိလာခဲ့တဲ့ ရင်ခုန်နူန်းMV ကတော့ ပရိသတ်တွေရဲ့ အားပေးမူကို ရရှိခဲ့ပြီး လူငယ်တွေအကြိုက် သီချင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ 

NJ


Team 143 အဖွဲ့ဝင်ပဲဖြစ်တဲ့ အဆိုတော် NJ ကလည်း 2018 မှာ ဒဿ ဆိုတဲ့ သီချင်းမှာ နာမည်ကြီးပြီး ပိုရေပန်းစားလာခဲ့တာပါ။

အဲဒီ သီချင်းမတိုင်ခင်မှာလည်း New single သီချင်းတွေဖြစ်တဲ့ Poem , Pain စတဲ့ သီချင်းထွက်ရှိခဲ့ပြီး အဆိုတော် YZet နဲ့အတူ Let Me Know ဆိုတဲ့သီချင်းလေးလည်း ဆိုထားခဲ့ပါတယ်။ 

Yung Hugo


Yung Hugo က 2018 တစ်နှစ်လုံးမှာ သီချင်းသစ် ခြောက်ပုဒ်တိတိ ထွက်ခဲ့ပြီး လူငယ် Hip Hop စတိုင်လ် နဲ့ ခေတ်ဆန်ဆန်အကလေးတွေနဲ့ပါ သီဆိုတတ်သူဖြစ်ပါတယ်။ What’s wrong ဆိုတဲ့သီချင်းလေးဆိုရင် ခပ်အေးအေးပုံစံလေးနဲ့ နားထဲစွဲသွားစေခဲ့တယ်မလား။ 

Y3llo


ကိုယ်ပိုင် ခပ်မြူးကြွကြွ သံစဉ်တွေ Remix Song တွေ ဖန်တီးတတ်သူ Y3llo ကတော့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ နာမည်ကြီး သီချင်းဖြစ်တဲ့ တောဂေါ်လီ သီချင်းကို မြို့ဂေါ်လီသီချင်းအဖြစ် ပြန် Remix လုပ်တီးထားကာ လူငယ်တွေအကြိုက် Artist တစ်ယောက် ဖြစ်ခဲ့ပါတယ်။ Y3llo ဆိုတာ ပါးစပ်ဖျားမှာနာမည်ရနေတဲ့ သူပဲနော်။

ဒီ လူငယ်အဆိုတော်တွေထဲမှာ ဘယ်သီချင်းက ကိုယ့်အတွက်  Favourite အဖြစ်ဆုံးလဲ ? 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။