1TB Storage ပမာဏ နဲ့ မိုဘိုင်းဖုန်းလောကရဲ့ ပထမဆုံးခြေလှမ်းသစ်ဖြစ်လာမယ့် Galaxy S10 +

မကြာခင်ထွက်ရှိလာတော့မယ့် Samsung Galaxy S10+ ကို 1TB Storage ပမာဏနဲ့ထုတ်လုပ်တော့မှာဖြစ်ပြီး ဈေးနှုန်းကလည်း ဒေါ်လာ ၁၆၀၀ ဝန်းကျင်လောက်ရှိမယ်လို့ သိရပါတယ်။

Samsung ဟာ လက်ရှိစမတ်ဖုန်းတွေထဲက ပထမဆုံးခြေလှမ်းဖြစ်တဲ့ 1TB Storage Chip ကို ပြသလိုက်ပြီဖြစ်ပြီး Chip အမြောက်အများစတင်ထုတ်လုပ်နေပြီဖြစ်တဲ့အတွက် ဒီ Storage ပမာဏဟာ Samsung ရဲ့ Galaxy S10+ မှာ ပါဝင်မယ်ဆိုတာတော့ သေချာသွားပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ သြဂတ်စ် လလောက်က Samsung ရဲ့ Galaxy Note 9 Series ထွက်ရှိလာခဲ့ပြီး 6Gb Ram ပါတဲ့ 128GbSD Slot Model ကို ၉၉၉.၉၉ ဒေါ်လာ နဲ့ 8Gb Ram ပါတဲ့ 521Gb SD နဲ့ မော်ဒယ်လ် ကိုတော့ ၁၂၄၉ ဒေါ်လာစီ အသီးသီးသတ်မှတ်ခဲ့ပါတယ်။

လက်ရှိမှာတော့ Samsung ရဲ့ ဟာ အရင်ထွက်ရှိလာခဲ့တဲ့ 512Gb မော်ဒယ်လ်ထက် နှစ်ဆပိုများတဲ့ Storage နဲ့ ထုတ်လုပ်လာဖွယ်ရှိပြီး အဲ့ဒီပမာဏဟာ iPhone X ထက်စာရင် နှစ်ဆလောက်ပိုပြီး မှတ်သားနိုင်စွမ်းရှိတဲ့ ပမာဏဖြစ်သလို၊ ဈေးကလည်း ဒေါ်လာ ၁၀၀ လောက်ပဲပိုပြီး ကျသင့်မှာဖြစ်ပါတယ်။

1TB Capacity ဆိုတဲ့အတိုင်းပဲ ဓာတ်ပုံပေါင်း ၉၃၀၀၀ ဝန်းကျင် နဲ့ ဗွီဒီယိုပေါင်း ၂၃၀၀ လောက်ကို ဖုန်းထဲမှာ သိမ်းဆည်းထားနိုင်တော့မှာပါ။ ဒါဟာ ကွန်ပျုတာတစ်လုံးရဲ့ Storage Capacity နဲ့ဖုန်းတစ်လုံးကို စိတ်ကူးယဉ်နေသူတွေအတွက် သတင်းကောင်းလည်းဖြစ်ပါတယ်။

Gabriel
Source : The Verge

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။