အသားပို၊ အသားသီးများ အလွယ်ကူဆုံး ဖယ်ရှားနိုင်မည့် နည်းလမ်းသုံးသွယ်

ခွဲစိတ်ကုသစရာ ဖြတ်ထုတ်ပစ်စရာ မလိုအပ်ဘဲ အရေပြားမှာ ဖြစ်ပေါ်တဲ့ အသားသီးတွေကို ဖယ်ရှားနိုင်မယ့် အလွယ်နည်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

လက်ဖက်ဆီ

လက်ဖက်ဆီဟာ မှဲ့နဲ့ အသားသီးတွေကို ဖယ်ရှားနိုင်ပါတယ်။ လက်ဖက်ဆီနည်းနည်းကို ဝါဂွမ်းစတစ်စနဲ့ ဆွတ်ပြီး အသားသီးရှိတဲ့ နေရာတွေကို တိုက်ရိုက် သုတ်လိမ်းပါ။ တစ်နေ့တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်ခန့် ပြုလုပ်နိုင်ပြီး လေးပတ်ကျော် ကြာတဲ့အထိ၊ အသားသီး ပျောက်တဲ့အထိ လုပ်ဆောင်ပေးပါ။

ကြက်ဆူဆီ

ကြက်ဆူဆီကို ပြင်ပလိမ်းဆေး အနေနဲ့ သုံးနိုင်ပါတယ်။ ပြုလုပ်ရမယ့် နည်းကတော့ ဆော်ဒါမှုန့် အနည်းငယ်ကို ကြက်ဆူဆီ အနည်းငယ်နဲ့ ရောမွှေပြီး စေးပျစ်တဲ့ အနှစ်သားရအောင် လုပ်ပါ။ အဲဒီနောက် သံပရာဆီ အနည်းငယ် ထည့်မွှေကာ အသားသီးရှိတဲ့ အရေပြားပေါ် သုတ်လိမ်းပြီး ဖုံးအုပ်ထားပါ။ အချိန် ၂-၄ ပတ် ကြာတဲ့အထိ ဆက်လက် လုပ်ဆောင်သွားမယ်ဆိုရင် အသားသီး ပျောက်သွားပါလိမ့်မယ်။

ရှာလကာရည်

ရှာလကာရည်ကိုလည်း အသားသီး ဖယ်ရှားဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ရှာလကာရည်ကို ဂွမ်းစနဲ့ ဆွတ်ပြီး အသားသီးပေါ်ကို တိုက်ရိုက် သုတ်လိမ်းပေးပါ။ ရှာလကာရည် လိမ်းပြီး နှစ်မိနစ်အကြာမှာ အရေပြား စပ်ဖျဉ်းဖျဉ်း ခံစားချက် ဖြစ်ပေါ်စေပါတယ်။ နေ့စဉ် ၂-၄ ပတ် ကြာတဲ့အထိ လုပ်ဆောင်ပေးသင့်ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။