ဆိတ်သားမပါတဲ့ ဆိတ်သား/ဆတ်သားခြောက်အတုတွေ မစားမိစေဖို့

မြန်မာနိုင်ငံ၊ ရမည်းသင်းမြို့နယ် ဆိတ်သား/ဆတ်သားခြောက်လုပ်ငန်းအား စားသုံးသူ စိစစ်ဆေရေးဌာနမှ ရှောင်တခင်ဝင်ရောက် စစ်ဆေးရာ အဆိုပါ လုပ်ငန်းမှာ အသုံးပြုနေတဲ့ အသားအားလုံးမှာ ဆိတ်သား/ဆတ်သားများမဟုတ်ဘဲ ပုတ်သိုးအမဲသားများနဲ့ အခြားအမည်မသိ အသားများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အဆိုပါ အသားများကို ယမ်းစိမ်းစိမ်ခြင်း၊ နေလှမ်းခြင်း၊ ဆေးဆိုးခြင်းနဲ့ ကြပ်တိုက်ခြင်းတို့ ပြုလုပ်ပြီး ဈေးကွက်အတွင်းကို တံဆိပ်အမျိုးမျိုးနဲ့ ဖြန့်ဝေရောင်းချနေတယ်လို့လည်း သိရပါတယ်။ သင့်အနေနဲ့ ဆိတ်သား/ဆက်သားခြောက်တွေ ကြိုက်နှစ်သက်တဲ့သူ ဖြစ်နေခဲ့ရင် ကိုယ်စားသုံးနေတဲ့ အစားအသောက်ဟာ ဘေးကင်းရဲ့လား၊ ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လားဆိုတာ သေချာစဉ်းစားဆုံးဖြတ်ပြီးမှ ရွေးချယ်တာ အကောင်းဆုံးပါဘဲ။ အောက်ပါ ပုံလေးတွေ ကြည့်လိုက်ပါဦး ……..

Photo Crd;

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။