သြစတေးလျနိုင်ငံက မြို့လေးမှာ ဗုဒ္ဓဘာသာကို ကျောင်းသင်ခန်းစာအဖြစ် သင်ကြားပို့ချနေ

ကမ္ဘာပေါ်က အထင်ကရ ဘာသာကြီး (၄)ခုဖြစ်တဲ့ ဗုဒ္ဓ၊ ခရစ်ယာန်၊ ဟိန္ဒူနဲ့ အစ္စလာမ်ဘာသာတွေဟာ ကိုးကွယ် ယုံကြည်မှုဆိုင်ရာ အလိုက် ကွဲပြားခြားနားပါတယ်။ တချို့ နိုင်ငံတွေမှာဆိုရင် လူမျိုးတွေမှာဆိုရင် ယနေ့အချိန်ထိ နတ်ကိုးကွယ်ယုံကြည်မှုတွေဟာ ရှင်သန်နေဆဲပါ။ ဒါပေမယ့် ဘာသာကြီး (၄)ခုကိုတော့ အဓိကထား ကိုးကွယ်ယုံကြည်မှုတွေ များပြားပါတယ်။ အဆိုပါ ကိုးကွယ်မှု ဘာသာတရားတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ လူတန်းစား အလွှာအမျိုးမျိုးဟာ မိမိစိတိုင်းကြ ဘာသာပြောင်းလဲမှုတွေကို ပြုလျှက်ရှိနေပါတယ်။

အဲ့လို ဘာသာရေး ပြောင်းလဲမှုတွေထဲကမှ ဗုဒ္ဓဘာသာကို စိတ်ဝင်စားပြီး သာမာန်ထက်ပိုတဲ့ ပြောင်းလဲမှု ဖြစ်ရပ်တစ်ခုကတော့ သြစတေးလျးနိုင်ငံမှာ လက်ရှိအချိန်ထိ ဖြစ်ပေါ်နေတာတွေ့ရပါတယ်။ သြစတေးလျနိုင်ငံ ဗစ်တိုးရီးယားမြို့ရှိ စာသင်ကျောင်းတစ်ကျောင်းဟာ ဗုဒ္ဓဘာသာကို ကျောင်းသင်ခန်းစာတစ်ခုအဖြစ် သင်ကြားပို့ချပေးခြင်းပဲဖြစ်ပါတယ်။ 

အဆိုပါ ဗစ်တိုးရီးယားမြိုရှိ သိပ္ပံပညာရှင်များစွာက ဗုဒ္ဓတရားတော်ကို (၂၀၀၂)ခုနှစ်မှစပြီး စူးစမ်းလေ့လာကြည့်ရာ စာတွေ့နဲ့ လက်တွေ့ သော်လည်းကောင်း၊ အကျိူးနဲ့အကြောင်း တစ်ထပ်တည်းကျအောင် မှန်ကန်တဲ့ သဘာဝမှာ ဖြစ်ပျက်မှုများ၊ တူညီမှန်ကန်တဲ့ တရားစစ် တရားမှန်များကို လေ့လာတွေ့ရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။

နောက်မျိူးဆက်သစ် လူငယ်များကို ဗုဒ္ဓတရားတော်နဲ့အညီ လိမ္မာရေးခြားရှိအောင်နဲ့ ဘဝသံသရာ ဝဲကယက်မှ လွတ်မြောက်ပြီး အေးချမ်းတဲ့ ဘုံဘဝသို့ ရောက်ရှိနိုင်အောင် ပစ်တိုးရီးယားမြို့ရှိ ပညာရေးဝန်ကြီးများက ဗုဒ္ဓဟောတရားဓမ္မများကို ကျောင်းသင်ခန်းစာအဖြစ် ပြဌာန်းပြီး စာသင်ခန်းထဲ၌ နာရီပိုင်းသင်ကြားပေးကာ လက်တွေ့ ဝိပဿနာ ကမ္မဋ္ဌာန်းများကိုပါ ရှုမှတ်နိုင်အောင် သင်ကြားပေးလျှက်ရှိကြောင်း သိရပါတယ်။ 

လက်ရှိမှာတော့ ဗစ်တိုးရီးယားမြို့ဟာ ယခင်နှစ်တွေထက် ဗုဒ္ဓဘာသာဝင် (၂)ဆ ပိုမိုတိုးပွားလာကြောင်း သိရပါတယ်။ 

Crd;

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။