သွေးကင်ဆာဖြစ်နေတဲ့ သမီးလေးနဲ့အတူတူ ကျင်းတူးပြီး သေဖို့ပြင်နေတဲ့ ဖခင်

လောကမှာ မိဘတွေရဲ့ အကြောက်ဆုံးအရာဟာ ကိုယ့်သားသမီးကို ဆုံးရှုံးရမှာ သိသိကြီးနဲ့ လက်ပိုက်ကြည့်နေရတဲ့ အချိန်ပါဘဲ။ အခုလည်း တရုတ်နိုင်ငံ Sichuan မှာနေထိုင်တဲ့ Zhang Liyong ဆိုတဲ့အမျိုးသားဟာ သူ့ရဲ့ (၂)နှစ်သမီးလေး Zhang Xin Lei မှာ သွေးကင်ဆာ ခံစားနေရတာကို သိပြီးနောက် စိတ်ဓာတ်တွေကျခဲ့ပြီး ယူကျူံးမရဖြစ်ခဲ့ရတယ်။ ဒါ့အပြင် ဆေးကုသစရိတ်ကလည်း အလွန်ဈေးကြီးတာကြောင့် Liyong ဆီမှာ အကြွေးတွေ များစွာတင်ခဲ့ရပါတယ်။

ကျနော်တို့ ပိုက်ဆံချေးတာတွေ တော်တော်များနေပါပြီ။ ဒီထက်ပိုပြီး ကျနော်တို့ကို ဘယ်သူမှလည်း မချေးတော့ဘူး ” လို့  Liyong  က စိတ်မကောင်းစွာနဲ့ ပြောပြပါတယ်။ Liyong ဟာ ပိုက်ဆံအရမ်းကို လိုအပ်နေတဲ့အတွက် မိသားစုတွေဆီက ပိုက်ဆံတွေ ချေးခဲ့ပေမယ့် သူ့ကို အားလုံးက ပိုက်ဆံချေးဖို့ ငြင်းဆန်ခဲ့ကြတယ်လို့ သိရပါတယ်။ 

ဒီလိုနဲ့ Liyong ရဲ့ သမီးလေး Xin Lei ဟာ တဖြည်းဖြည်း အခြေအနေဆိုးလာပြီး ချက်ချင်းဆေးကုသဖို့ လိုအပ်လာခဲ့ပါတယ်။ ဒါပေမယ့် Liyong တစ်ယောက် သူ့သမီးလေးအတွက် ပိုက်ဆံ မတတ်နိုင်ခဲ့ပါဘူး။ ဆရာဝန်ကြီးတွေက ဖြစ်နိုင်ရင် မကြာခင် ခွဲစိတ်ဖို့ပြောပေမယ့် သူတို့မှာ ပိုက်ဆံပြသာနာတတ်နေတဲ့အပြင် သမီးလေးအတွက်လည်း အချိန်မလောက်တော့တဲ့အတွက် သူ့မှာ မျှော်လင့်ချက်မဲ့နေခဲ့ပါတယ်။

ဒီလိုနဲ့ လောကကြီးကို လက်မြှောက်အရှုံးပေးလိုက်တဲ့ Liyong ဟာ သူ့သမီးလေး သူ့ကို နှုတ်ဆက်မယ့်အချိန်ကို စိတ်ဓာတ်ကျစွာ နေထိုင်ရင်း နေ့တိုင်း သူတူးထားတဲ့ မြေတွင်းထဲမှာ လဲလျောင်းနေခဲ့ပါတယ်။ အဲ့နောက်မှာ လူမှုကွန်ယက်ပေါ်မှာ ဒီသားအဖရဲ့ ကြေကွဲစရာဇာတ်လေး ချက်ချင်းကို ပျံ့နှံ့သွားခဲ့ပြီး မြင်တွေ့သူတိုင်းကို ဝမ်းနည်းမှုတွေဖြစ်စေခဲ့ပါတယ်။

အခုတော့ သူတို့ သားအဖရဲ့ အခြေအနေအစဆုံးကို သိသွားတဲ့ ပရဟိတအဖွဲ့တွေရော၊ ရပ်ကွက်နေ ပြည်သူတွေကပါ အလှူငွေတွေ ကောက်ခံပေးခဲ့ပြီး ခွဲစိတ်ကုသစရိတ်အတွက် ကူညီပေးနေကြတယ်လို့ သိရပါတယ်။

Source - thesun.co.uk

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။