မင်းသွေးနဲ့ ပတ်သက်ပြီး ကျန်ရစ်သူ မိသားစုဝင်တွေက မေတ္တာရပ်ခံစာ ထုတ်ပြန်

ပရိတ်သတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသွေး ကွယ်လွန်ခဲ့တာ (၄)လကျော်ကြာခဲ့ပြီးနောက် ကျစ်ရစ်သူ မိသားစုထံမှ ဖေဖော်ဝါရီ (၁၀)ရက်နေ့က မေတ္တာရပ်ခံချက် စာတစောင် သတိပေး ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ထုတ်ပြန်ချက်မှာ “ ကွယ်လွန်သူ သရုပ်ဆောင် မင်းသွေးနဲ့ ပတ်သက်၍ မိသားစုဝင်များမှ မေတ္တာရပ်ခံချက် ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားခဲ့ပါတယ်။

သရုပ်ဆောင် မင်းသွေး ကွယ်လွန်ခဲ့တာ (၄)လကျော်ခဲ့ပြီဖြစ်ပြီး သူ့ကို ချစ်တဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ပရိတ်သတ်တွေကတော့ ယနေ့တိုင် မေ့လို့မရနိုင်ကြသေးပါဘူး။

ဒါ့အပြင် သရုပ်ဆောင် နေတိုးကလည်း ညီဖြစ်သူနဲ့အတူတူ ရည်ရွယ်ထားတဲ့ သာသနာပြုလုပ်ငန်းတွေကို မင်းသွေးမရှိတော့ပေမယ့်လည်း ဆက်လုပ်သွားဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

မင်းသွေး ကွယ်လွန်ပြီးတဲ့နောက် သူပါဝင်သရုပ်ဆောင်ခဲ့တဲ့  “ မုန်းစွဲ ’’ ရုပ်ရှင်ကား၊ “ လေးပါးကျော့ရှိန် ’’ ရုပ်ရှင်ဇာတ်ကား၊ “ သတ်ကွင်း ’’ ရုပ်ရှင်ဇာတ်ကားတို့ကိုလည်း အဆက်မပြတ် ရုံတင်ပြသခဲ့ပါတယ်။ ဒါ့အပြင် မင်းသွေးရဲ့ ပထမဆုံး ဂီတမှတ်တိုင်တစ်ခုဖြစ်တဲ့ “ ထိုးစစ် ’’ MTV ကိုလည်း အစ်ကိုဖြစ်သူနေတိုးက ဆက်ပြီး ထုတ်လုပ်ပေးသွားဖို့ရှိတယ်လို့ ပြောခဲ့ဖူးပါတယ်။

Crd;

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။