နောက်ဆုံးအချိန်မတိုင်ခင် ( ၁၃ ) မိနစ်အလို

ခါတိုင်းနေ့တွေလိုပါပဲ။ ဒီနေ့က ရာသီဥတုလေး တော်တော်ကောင်းတယ်။ ကောင်းကင်မှာ တိမ်လေးနည်းနည်းရှိနေတာကလွဲလို့ မနက်ခြောက်နာရီရဲ့ ရှုခင်းလေးဟာ တော်တော်လှတာပဲ။

ခရီးသည်တွေနေရာယူတယ်။ လေယာဉ်မှုးတွေရဲ့ before took off announcement ကြေငြာသံကြားရတယ်။ Cabin Crew တွေက safety briefing ပေးတယ်။ အားလုံးအပြီးမှာတော့ Lion Air လေကြောင်းလိုင်းအမှတ်စဉ် ( ၆၁၀ ) ဟာ ဂျာကာတာလေဆိပ်ကနေ ပျံတက်သွားပါတယ်။

လေယာဉ်တစ်စီးလုံး လေထဲရောက်တဲ့အချိန် တစ်ခုခုတော့မှားယွင်းနေပြီဆိုတာ ပိုင်းလော့တွေသတိထားမိကြတယ်။ ထိန်းချုပ်ရေးစခန်း ခလုတ်ခုံတွေကနေ အသံတွေမြည်လာတယ်။ ထိန်းချုပ်ရေးလက်ကိုင်တစ်ခုလုံး လှုပ်ယမ်းလာတယ်။
ဒါဟာ လေယာဉ်တစ်ခုလုံးအတွက် အရေးပေါ်အခြေအနေ ( Critical Condition ) ဆိုတဲ့သတိပေးချက်ပါပဲ။

လေယာဉ်က အပေါ်ကိုထောင်တက်နေတယ်။ ဒါပေမယ့် အမြင့်ပေတွေ၊ အမြန်နှုန်းတွေ မမှန်ကန်ဘူး။ မျက်ကန်းတစ်ယောက်စမ်းတစ်ဝါးဝါးသွားသလိုဖြစ်နေတယ်။ အဲ့ဒီအတွက် ပိုင်းလော့တွေက လေကြောင်းထိန်းချုပ်ရေးစခန်းကို အကူအညီလှမ်းတောင်းတယ်။ အဲ့ဒီနောက်မှာလက်ရှိရောက်နေတဲ့ အမြင့်ပေကနေ အောက်ဘက် ပေ ( ၇၀၀ ) ကျော်အထိလေယာဉ်က ထပ်မံကျဆင်းသွားခဲ့တယ်။

Auto Navigation စနစ်တွေက လေယာဉ်ကို အောက်ဘက်ထိုးစိုက်အောင်လုပ်နေတယ်။ လေယာဉ်မှုးတွေက အမြင့်ပေ ကျဆင်းမှုကို ပြန်ထိန်းနိုင်ခဲ့ပေမယ့် လေကြောင်းထိန်းသိမ်းရေးကတော့ လေယာဉ်ဟာ ပြဿနာကြုံနေရပြီလို့ မှတ်တမ်းတင်ပါတယ်။
လေယာဉ်ဟာ ရှိသင့်တဲ့အမြင့်ပေကနေ အောက်ကို ထိုးကျသွားတဲ့အခါ M.C.A.S လို့ခေါ်တဲ့ Automatic Pull Up စနစ်တစ်ခုအသက်ဝင်တယ်။ အဲ့ဒါဟာ လေယာဉ်ရဲ့ အမြီးပိုင်း နဲ့ Cargo တွေကို အပေါ်တွန်းတင်ပေးပြီး လေယာဉ်ရဲ့ Cockpit Cabin ( ဦးပိုင်း ) ကို အောက်စိုက်သွားအောင်လုပ်ပေးတာပါ။

အဲ့ဒါဟာ ဘိုးအင်း ၇၃၇ တွေမှာ အသစ်မွမ်းမံလိုက်တဲ့ Installation တစ်ခုဖြစ်ပြီး လေယာဉ်မှုးတွေသိကြပုံမပေါ်သေးပါဘူး။ အဲ့ဒါကြောင့် လေယာဉ်မှုးတွေဟာ လေယာဉ်ကိုအပေါ်ပြန်ဆွဲတင်ကြတယ်။ အလိုအလျောက်စနစ် နဲ့ လေယာဉ်မှုးတွေကြိုးစားမှုကြားမှာ လေယာဉ်ရဲ့ Up and Down ဖြစ်တာ ၂၄ ကြိမ်လောက်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ လေယာဉ်မှုးတွေ ပြန်ဆွဲတင်ပြီး ၁၀ စက္ကန့်အကြာတိုင်း လေယာဉ်ရဲ့ဦးပိုင်းက အောက်ကို ပြန်ကျသွားလို့ပါ။

နာရီနဲ့ချီကြိုးစားအပြီးမှာတော့ အလိုအလျောက်စနစ် ကို လေယာဉ်မှုးတွေအရှုံးပေးလိုက်ရပါတယ်။ မနားတမ်းအောက်ကို ထိုးစိုက်နေပြီး နောက်ဆုံးအချိန် အောက်မှာ ရေပြင်ကျယ်ကြီးကို တွေ့လိုက်ရတဲ့အချိန်မှာတော့ လေယာဉ်မှုးတွေသွေးရူးသွေးတန်းဖြစ်လာကြတယ်။

အဲ့ဒီနောက်မှာတော့ လေယာဉ်ကြီးဟာ တစ်နာရီ မိုင် ၄၅၀ နှုန်း နဲ့အမြင့်ပေ ၅၀၀၀ ကျော်ကနေ ဂျာဗားပင်လယ်ထဲကို ထိုးစိုက်ကျသွားပြီး လေယာဉ်ပေါ်ပါလာတဲ့ လူပေါင်း ( ၁၈၉ ) ယောက်ကိုပါ သူနဲ့အတူ ခေါ်ဆောင်သွားတော့တယ်။
အခုထက်ထိ ဘိုးအင်းကုမ္ပဏီ ကသူတို့ရဲ့ လုံခြုံရေးစနစ်တွေကို ယုံကြည်နေတုန်းပါပဲ။ လုံခြုံရေးစနစ်ဟာ လေယာဉ်ရဲ့အဆိုးရွားဆုံးအခြေအနေမှာ အကောင်းဆုံးလုပ်ဆောင်ခဲ့တာဖြစ်ပြီး လေယာဉ်မှုးတွေရဲ့ နားလည်မှုလွဲမှားခြင်းကြောင့် ဒီအခြေအနေထိရောက်ခဲ့ရတယ်လို့ဆိုပါတယ်။

တကယ်တော့ လေကြောင်းအမှတ်စဉ် ၆၁၀ ကို ပျံတက်ခွင့်မပေးခဲ့သင့်ဘူး။ ဘာကြောင့်လည်းဆိုတော့ အရင်ခရီးစဉ်တွေတုန်းကလည်း အမြင့်ပေတွေ နဲ့ အမြန်နှုန်းတွေကို မှားယွင်းဖော်ပြခဲ့ဖူးလို့ပါ။ သတိမထားမိတဲ့ အမှားတစ်ခုကနေ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၉  ရက်နေ့ ဟာ အင်ဒိုနီးရှားတစ်နိုင်ငံလုံးအတွက် ကြေကွဲဖွယ်ရာနေ့တစ်နေ့ဖြစ်ခဲ့တယ်။

အစွမ်းကုန်ပြာလွင်နေတဲ့ ပင်လယ် နဲ့ ကောင်းကင်ကြီးကတော့ သူတို့ဘာမှမသိခဲ့သလိုပါပဲ။

( လေယာဉ်ပျက်မကျခင် အချိန်မှာရိုက်ယူခဲ့တဲ့ ဗွီဒီယိုဖိုင်ပါ။ )

Gabriel
Source : geotimes.co.id ( Pray for JT610 ) 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။