ချစ်သူသက်တမ်းဆယ်နှစ်ရှိခဲ့ပေမဲ့ မင်္ဂလာဆောင်ခါနီးမှ မင်္ဂလာပွဲပျက်ခဲ့ရတဲ့ အဆိုတော် ဝန

အနီးဆုံး လူဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်တွေရဲ့ အားပေးမူကိုရရှိလာခဲ့တဲ့ နာမည်ကြီးအဆိုတော် ဝနကတော့ စိတ်မကောင်းစရာကိစ္စလေးတစ်ခုဖြစ်ခဲ့ရပါတယ်။



ချစ်သူကောင်မလေးနဲ့ မင်္ဂလာအကြိုဓာတ်ပုံတွေကို ဇာတိမြို့ဖြစ်တဲ့ မြစ်ကြီးနားမှာ သွားရောက်ရိုက်ကူးခဲ့ပြီး မနေ့က ၁၂ ရက်နေ့မှာ မင်္ဂလာပွဲကျင်းပဖို့ စီစဉ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အကြောင်းကိစ္စ တစ်ခုခုကြောင့် ဝနရဲ့ မင်္ဂလာပွဲပျက်သွားခဲ့ရပြီး ပရိသတ်တွေအားလုံးစိတ်မကောင်းဖြစ်ကြသလို ကောင်မလေး အောင်းနီကလဲ အားလုံးကိုလဲတောင်းပန်ခဲ့ပါတယ်။

 “အားလုံးကို တောင်းပန်ပါတယ် မင်္ဂလာပွဲပျက်သွားပီဖြစ်ကြောင်း စိတ်မကောင်းခြင်းများစွာနဲ့ အသိပေးပါတယ်..” တဲ့



ဝနနဲ့ချစ်သူကောင်မလေးတို့ဟာ ချစ်သူသက်တမ်းဆယ်နှစ်ကြာထိ လက်တွဲခဲ့ကြပြီးမှ အခုလိုမင်္ဂလာဆောင်ဖို့စီစဉ်ခဲ့ကြပေမယ့် စိတ်မကောင်းစွာနဲ့ဘဲ မင်္ဂလာပွဲပျက်ခဲ့ရပါတယ်။

Sources- ဝန၊ Aung Nan

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။