ဒရမ်မာအသစ်မှာ တစ်ခေါက်ပြန်တွေ့ရမယ့် အချစ်တော် မာဝမ်သားလေး ONE

2019 မှာ ဒရမ်မာအသစ်နဲ့ ကိုရီးယားအချစ်တော်တွေရင်ထဲကို နေရာယူလာမယ့် မင်းသားလေးကတော့  Jung Jae Won (ONE) ဘဲဖြစ်ပါတယ်။ 2017 ခုနှစ်မှာ နာမည်ကြီးပြီး ကြည့်ရှူသူအများဆုံးဖြစ်ခဲတဲ့ Hwayugi Korea Drama ကို ပရိသတ်တွေသိကြမှာပါ။

ကုန်စုံဆိုင်ပိုင်ရှင်အဘွားရဲ့ မြေးလေးဖြစ်တဲ့အပြင် မာဝမ်ရဲ့သားလေးအဖြစ် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အသိမှတ်ပြုခံလာရတဲ့ ONE ကတော့ Rapper အဆိုတော်တစ်ယောက်ဖြစ်ပေမဲ့ သရုပ်ဆောင်အလုပ်ကို ပိုပြီး လုပ်ကိုင်နေတယ်လိုသိရပါတယ်။

လာမယ့် April 3 ရက်နေ့မှာ ထုတ်လွင့်ပြသတောမယ့် Her Private life ဆိုတဲ့ Drama အသစ်မှာ ONE က Second Cast အဖြစ် ပါဝင်သွားမှာပါ။ ဒီကားထဲမှာဆိုရင် လူကြိုက်များနေတဲ့ The Guest ထဲကဖာသာကြီး Kim Jae Wook နဲ့ Secretary Kim လေး Park Min Young တိုက အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါတယ်။


ONE ကတော့ ဒီကားထဲမှာ နာမည်ကြီးအနုပညာရှင်တစ်ယောက်ဖြစ်ပြီး မင်းသမီး Park Min young ရဲ့ချစ်သူ Shin An အဖြစ်ပါဝင်သွားမှာပါ။


ကဲ တကယ့်ကိုနာမည်ကြီးတွေဘဲပါတာဆိုတော့ စောင့်ကြည့်ကြဖို့ မမေ့ပါနဲ့နော်။

Sources- Soompi

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။