Mike ရဲ့အချစ်ကိုရဖို့ကဘယ်သူဖြစ်မလဲ

Mike ကတော့ December 19, 1989 ခုနှစ်မှာ Bangkok,Thailand မှာမွေးဖွားခဲ့သူတစ်ဦးဖြစ်ပါတယ်။ အထက်တန်းကျောင်းအနေနဲ့ Chulalongkom University နဲ့ Mahidol University နှစ်ခုစလုံးမှ ကျောင်းပြီးသူတစ်ဦးလည်းဖြစ်ပါတယ်။ Mike ရဲ့အိမ်မက်ကတော့ ငယ်ငယ်ကတည်းက အဆိုတော်ဖြစ်ချင်တဲ့သူတစ်ဦးပါပဲ။ သူကငယ်ငယ်တုန်းက Super Hero တစ်ယောက်ဖြစ်ချင်တဲ့အတွက် Spider man ဇာတ်ကားကိုခဏခဏကြည့်တယ်လို့လည်းပြောပါတယ်။ အသက် ၁၁ နှစ်အရွယ်ကတည်းက G-Junior group ထဲကိုဝင်ပြီး အသံစမ်းပြီးသီချင်းတွေလည်းဆိုခဲ့ပါတယ်။

နာမည်ကျော်ထိုင်းမင်းသားလေး Mike ဟာ အခုဆိုရင် ထိုင်းနိုင်ငံရဲ့ နာမည်ကြီးသရုပ်ဆောင်ဖြစ်တဲ့ မင်းသမီး OMO နဲ့အခုဆိုရင်လက်တွဲနေပါပြီ။ OMO နဲ့လက်မတွဲခင် Mike မှာ ချစ်သူတစ်ယောက်ရှိခဲ့ဖူးပါတယ်။ သူရဲ့ အရင်ချစ်သူကလည်း ထိုင်းနိုင်ငံရဲ့နာမည်ကြီးမင်းသမီးဖြစ်တဲ့ပါ။ ချစ်သူနှစ်ဦး အခန့်မသင့်လမ်းခွဲပြီးတဲ့ အခါ 23, June 2014 မှာသူမဟာ Mikeကိုယ်ဝန်ရလာခဲ့ပါတယ်။ ဒါပေမယ့်လည်း နှစ်ဦးသဘောတူညီချက်အရ ကလေးကိုတော့ တစ်ဦးနဲ့တစ်ဦး အဖေအမေ ခေါ်ယူခွင့်နဲ့ စောင့်ရှောက်ကြပေမယ့် ချစ်သူနှစ်ကတော့ အရင်ကလို ချစ်သူသံယောဇဉ် မဟုတ်ကြပဲ သူငယ်ချင်းအဖြစ်သာနေထိုင်ကြပါတယ်။ ပြောရရင်တော့ ချစ်သူတော့မဟုတ်ပါဘူး။ လင်မယားတွေပါ။


ကိုရီးယားအချစ်ဇာတ်လမ်းဖြစ်တဲ့ ချစ်စံအိမ် ဇာတ်ကားကို ပြန်လည်ကူးတဲ့ ထိုင်းဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ OMO နဲ့ကလည်းအခုဆိုရင်လက်တွဲနေကြတော့ OMO အနေနဲ့ကရော ဒီကိစ္စကြီးကို အမြဲတမ်းနားလည်ခွင့်လွှတ်ပေးပြီး Mike နဲ့ ရေရှည်လက်တွဲသွားမှာလား ဆိုတာကတော့ အပြင်မျက်လုံးတွေနဲ့ကြည့်ရင်တော့ စိတ်ဝင်စားစရာပါပဲ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။