ဦးကြည်လင်းရဲ့ အမှုလျော့ပေါ့ရေးအတွက် ဆုတောင်းပွဲတစ်ခုပြုလုပ်

တရားလွှတ်တော် ဦးကိုနီအား သေနတ်ဖြင့် ပစ်ခတ်ခဲ့တဲ့ ဦးကြည်လင်းရဲ့ အပေါင်းအပါတို့ရဲ့အမှုကို လာမယ့် ဖေဖော်ဝါရီ(၁၅)ရက်နေ့တွင် အပြီးသတ်အမိန့်ချတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုပါအမှုနဲ့ ပတ်သက်ပြီး ဝန်းရံသူ ဦးညီညီထွန်းက ယနေ့ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ နံနက်ပိုင်းက ရွှေဘုန်းပွင့်ဘုရားမှာ ဆုတောင်းပွဲ တစ်ခုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဆုတောင်းပွဲကို ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရား၊ ဗိုလ်တစ်ထောင်ဘုရား၊ ရွှေဘုန်းပွင့်ဘုရား၊ ကျောက်တော်ကြီးဘုရား၊ ကမ္ဘာအေးဘုရားများသို့လည်း သွားရောက်ပြီး ဆုတောင်းပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

Photo Crd;

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။