ပရိသတ်တွေခန့်မှန်းနေကြတဲ့ ရွှေကစ်နဲ့အတူ တွဲရိုက်မယ့် ကိုရီးယားမင်းသားချောလေးများ

မြန်မာနိင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်လာတဲ့ ရုပ်ရှင်သရုပ်ဆောင် ဝတ်မှုံရွှေရည် ဟာ အခုဆိုရင်မြန်မာနိုင်ငံရဲ့ ဂုဏ်ဆောင်မင်းသမီးတစ်ယောက်အဖြစ် ရွေးချယ်ခံရပြီး  မြန်မာကိုရီးယား နှစ်နိုင်ငံ ပူးပေါင်းပြီး ရိုက်ကူးသွားမယ့် ခံစားတင်ပြမည့် “တစ်ခါကဆောင်း” အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထုတ်လုပ်တော့မှာ ဖြစ်ပါတယ် ။


ဒီ ရုပ်ရှင်ဇာတ်ကားကို  ရိုက်ကူးထုတ်လုပ်နိုင်ရေး အတွက် ဒေါက်တာမိုးနီလွင်၏ ဝတ္ထု၊ ဇာတ်ညွှန်းကို ကိုရီးယားနိုင်ငံမှ တွဲဖက်ဒါရိုက်တာ အပါအဝင် နိုင်ငံတကာအဆင့်မီ ရိုက်ကူးထုတ်လုပ်ရေး အဖွဲ့များနဲ့ ပူးပေါင်းပြီး ရိုက်ကူးတင်ဆက်သွားကြမှာပါ။ ဒီအတွက် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ ပြည်သူ့အချစ်တော် လေး ရွှေကစ်နဲ့အတူ သရုပ်ဆောင်မယ့် ကိုရီးယားမင်းသားချောက ဘယ်သူများဖြစ်မလဲ

ပရိသတ်တွေရဲ့ အပြိုင်ဆိုင်ထင်ကြေးပေးမှုတွေနဲ့ တစ်ခါကဆောင်း ရုပ်ရှင်ဟာ အတော်လေးကို စိတ်ဝင်စားမှုများပြားနေခဲ့ပါတယ်။

Lee Min Ho


ပရိသတ်တွေအများဆုံးခန့်မှန်းနေကြတဲ့ မင်းသားတစ်လက်ဖြစ်ပြီး ကစ်ကစ်တစ်ယောက်တည်း ရိုက်ချင်တာမဟုတ်ပါဖူး လိူင်မင်းအိမ်ကလည်း လီမင်ဟို ကို မြန်မာပြည်မှာ လာရောက်ရိုက်ကူးဖို့ဆွေးနွေးကမ်းလှမ်းထားတယ်ဆိုတာသိကြမှာပါ။ ဒါကြောင့်လည်း လီမင်ဟိုများဖြစ်နေမလားလို့ခန်းမှန်းနေကြတာပါ။

Ji Chang wook

Ji Chang wook ကို ကမ်းလှမ်းဖို ပရိသတ်တွေက ဒုတိယအများဆုံးတောင်းဆိုခဲ့ကြပါတယ်။ ကဲ သူရော ဖြစ်နိုင်မလား

Kim Soo Hyun

အနုပညာအလုပ်တွေ နည်းပါးသွားပေမဲ့လည်း နာမည်တွင်ဆဲဖြစ်တဲ့ မင်းသား Kim soo hyun ကလည်း SBS ရဲ့ အကောင်းဆုံးမင်းသားဖြစ်တာမို့ ဖြစ်နိုင်ချေများနေပါတယ်။

ကဲ ဒီတစ်ခါကဆောင်း ရုပ်ရှင် ရိုက်ကူးမှုကိုတော့  မန္တလေး၊ စစ်ကိုင်း၊ ပြင်ဦးလွင်၊ ပုဂံမြို့များနှင့် ရှမ်းပြည်နယ် အင်းလေးဒေသ၊ ချင်းပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးများအပြင် ကိုရီးယားနိုင်ငံမှ ဆိုးလ်၊ ဘူဆန်နဲ့ အခြားမြို့ကြီးများမှာ ရိုက်ကူးသွားမှာဖြစ်သလို နှစ်နိုင်ငံခရီးသွားလုပ်ငန်း မြှင့်တင်မှုကို ဦးတည်ပြီး  SBS TV Channel နဲ့ ပူးပေါင်းကာ ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရားကို အခြေခံကာ ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကဲ ပရိသတ်ခန့်မှန်းတဲ့ မင်းသားက ဘယ်သူဖြစ်မလဲ.. ?

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။