ပိုက်ဆံ ခြောက်သောင်းရလို့ ဒီလိုလုပ်လိုက်တာပါ

ရှေ့နေဦးကိုနီ နဲ့ တက္ကစီယာဉ်မောင်း ကိုနေဝင်းတို့ကိုလုပ်ကြံသတ်ဖြတ်မှု နဲ့ သေဒဏ် ထောင်ဒဏ်နှစ်ရပ်ပေါင်းကျခံနေရတဲ့ ဦးကြည်လင်း လွတ်မြောက်ဖို့အတွက် အမည်မသိအမျိုးသားတစ်ဦးက ဆုတောင်းပွဲလုပ်ခဲ့တာ လူမှုကွန်ယက်ပေါ် ပြန့်နှံ့နေပါတယ်။

အဆိုပါအမျိုးသားရဲ့နာမည်က ကိုခင်မောင်မြင့် လို့သိရပြီး လှိုင်သာယာမြို့နယ်က ကျုးကျော်ရပ်ကွက်တစ်ခုမှာ နေထိုင်သူဖြစ်တယ်လို့ဆိုပါတယ်။ နိုင်ငံသားမှတ်ပုံတင်အမှတ် ၁၂/ကမတ ( နိုင် ) ------ ကိုင်ဆောင်သူဖြစ်ပြီး အမည်မသိ အမျိုးသားတစ်ဦး နဲ့ အမျိုးသမီးတစ်ဦးက ငွေကျပ် ခြောက်သောင်း၊ ပုဆိုးအင်္ကျီတွေပေးပြီးခိုင်းစေခဲ့တာကြောင့် လုပ်ဆောင်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

Gabriel
Credit : saithantzin

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။