မြန်မာနိုင်ငံကို ရုပ်ရှင်ရိုက်ဖို့အတွက် ရောက်ရှိလာတဲ့ Mark Prin နဲ့ Mew Nittha

အာရှတစ်ခွင်မှာ နာမည်ကြီးလူကြိုက်များကြတဲ့ ထိုင်းမင်းသား Mark Prin နဲ့ မင်းသမီးချောလေး Mew Nittha တို့ဟာ My Husband in Law ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲရိုက်ကူးဖိုအတွက် မြန်မာနိုင်ငံကို ရောက်ရှိနေကြတာဘဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဧည့်သည်အတော်များ လာရောက်ကြပြီး အထင်ကရနေရာတွေဖြစ်ကြတဲ့ ရန်ကုန် ၊ အင်းလေးနဲ့ ၊ ပုဂံ စတဲ့နေရာတွေမှာ ရိုက်ကူးသွားကြမှာပါ။

ဒီနေ့ ၁၈ ရက်နေ့ မနက်ပိုင်းကမှဘဲ ချင်းမိုင်ကနေမှ ရန်ကုန်လေဆိပ်ကိုရောက်ရှိလာခဲ့ပြီး ဘုရားဖူး နေကြတာပါ။

မြန်မာမှာ သူတိုရဲ့ ချစ်ပရိသတ်တွေရှိတယ်ဆိုတာ သိကြမှာပေါ့။ အခုလို ရောက်လာခဲ့ကြတဲ့အတွက်လဲ သူတိုရဲ့ ပရိသတ်တွေကလဲ လိူက်လိူက်လှဲလှဲကို ကြိုဆိုခဲ့ကြပါတယ်။

မင်းသား Mark ရော မင်းသမီး Mew ကိုရော ပရိသတ်တွေ စိမ်းမယ်မထင်ပါဖူး သူတိုရိုက်ကူးထားတဲ့ ထိုင်းဇာတ်လမ်းတွဲအတော်များများ ရုပ်သံလိုင်းတွေမှာ ပြသနေကြပါတယ်။

ကဲ ဒီ My Husband in Law ဆိုတဲ့ ဇာတ်ကားလေးထွက်လာရင် အားပေးဖို့ မမေ့ကြနဲ့နော် ပရိသတ်တို့ရေ..

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။