တစ်ရွာလုံး ဗုဒ္ဓဘာသာဝင် တစ်အိမ်သာရှိတဲ့ ရွာက စေတီလေးပြုပြင်ရန် အလှူရှင်များ လိုအပ်နေ

ပုံမှာမြင်ရတဲ့ စေတီလေးဟာ မိမိ သာသနာပြုတာဝန်ကျတဲ့ ရွာလေးက စေတီလေးပါ။ ရွာက အိမ်ခြေ (၁၄၀)ရှိပါတယ်။ ဒါပေမယ့် အားလုံးက ဘာသာခြားတွေပါ။ တစ်ရွာလုံးမှ ဗုဒ္ဓဘာသာတစ်အိမ်သာရှိတဲ့ရွာလေး (သို့) ဘာသာခြားအများစုနေတဲ့ရွာလေးပါ။ လမ်းခရီးခက်ခဲမှု၊  ဗုဒ္ဓသာသနာ ရောက်ရှိတာ နောက်ကျမှုစတဲ့ အားနည်းချက်တွေကြောင့် ဘာသာခြားတွေဖြစ်သွားကြတာပါ မူလက နတ်ကိုးကွယ်ကြသူတွေပါ။

ဗုဒ္ဓဘာသာတစ်အိမ်နှင့် ဆရာ၊ ဆရာမလေးများ၊ ရဲဘော်များကတော့ မိမိရဲ့ ပစ္စည်းလေးပါးဒါကာတွေပါဘဲ။ မိမိတို့ အားလုံး စေတီလေးကို ပြန်လည်ပြုပြင်ချင်ကြပါတယ်။ ဒါပေမဲ့ ခွန်းအားတွေ နည်းနေကြပြီး အားမမျှဘူးဖြစ်နေတယ်။ မိမိကိုယ်တိုင်ကလည်း တစ်ပါးတည်း ဟိုဘက်တိုးပါအုန်း ဖြစ်နေတယ်။ ဒီသတင်းလေးက မိမိတို့အတွက် ကောက်ရိုးတစ်မျှင်ဖြစ်လိမ့်လို့လည်း ယုံကြည်မိပါတယ်။ သင့်အနေနဲ့ ဒီသတင်းလေးကို Share ပေးချင်းဖြစ်လည်းကောင်း၊  မိမိကိုယ်တိုင် ပါဝင်လှူဒါန်းခြင်းဖြစ်လည်းကောင်း ကုသိုလ်ယူပေးကြပါလို့ ဖိတ်ခေါ်ပါတယ်။

http://admin.we.com.mm/upload/image/February2019/iOgTNED7GxFrHaWoXS5M.jpg

စေတီလေးရဲ့ တည်နေရာကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ လဟယ်မြို့နယ်ထဲက ကျွန်းခေါင်ဆိုတဲ့ရွာလေးမှာပါ။ ပြည့်စုံနေသူတွေအတွက် ငွေတစ်ထောင်က စာမဖွဲ့လောက်ပေမယ့်။ မပြည့်စုံသူတွေအတွက်ကတော့ ထမင်းတစ်နပ်ပါဘဲ။

အရှင်ဓမ္မညဏ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) အဆောင်(၁၈)၊ အခန်း (၆)၊ KBZ Ashin Dhammanyana

99930799941142301 နှင့် ဆက်သွယ်ရန်ဖုန်း 09 797 290 408 ၊ ဗဟိုဆရာတော် 09 450 026 639 ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ 

Crd; Ven Sanvara  

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။