Player တွေကြက်သားစားရဖို့မသေချာတော့တဲ့ PUBG ရဲ့ Zombie Mode

ခါတိုင်းလိုမျိုး Winner Winner Chicken Dinner လုပ်ဖို့သိပ်မလွယ်တော့တဲ့အကွက်တွေ PUBG က ချပြလာပါပြီ။

အရင်လတွေက ခန့်မှန်းထားသလို Capcom နဲ့ Respawn တို့ရဲ့ ပွဲဦးထွက် collaborate ဖြစ်တဲ့ Resident Evil 2 တဲ့ PUBG တို့ရဲ့ပေါင်းစပ်မှုဟာ ရင်ဖိုထိန်လန့်စရာရသတွေပေးစွမ်းနိုင်သလို Player တွေကိုလည်း စိတ်ပျက်လက်ပျက်ဖြစ်စေမှာအသေအချာပဲ။

ဘာကြောင့်လဲဆို အသစ်ထွက်လာတဲ့ Zombie Mode မှာ Resident Evil ထဲက ဖုတ်ကောင်တွေအပြင် Game Boss ဖြစ်တဲ့ Tyrant နဲ့လည်း နဖူးတွေ့ဒူးတွေ့တွေ့ရတော့မှာပါ ( RE 2 ကြောက်လို့ဝယ်မဆော့ရဲတဲ့ PUBG Player တွေကောင်းကောင်းဒုက္ခရောက်တာပဲ ) အဲ့ Tyrant ဆိုတာ သာမန် Small Arm လောက်နဲ့ take down လုပ်လို့မရတဲ့ကောင်ကြီးဆိုတော့ကာ ကိုယ့်ရဲ့ Team, Squad နဲ့ ဖြိုမှ ပြိုမယ့်အနေအထားဖြစ်သွားတယ်။

Zombie Mode ဟာ တော်တော်လေးစိန်ခေါ်မှုများတဲ့ Mode ဆိုလည်းမမှားဘူး။ ဂိမ်းစပြီဆိုတာနဲ့ ရန်သူကိုကျီးကန်းတောင်းမှောက်လိုက်ရှာရတာကတစ်မျိုး၊ ဒီကြားထဲ Zombie တွေကလည်း Wave 1, Wave 2 ဆိုပြီး Spawn ( ထွက်လာ ) မှာဖြစ်တဲ့အတွက် အာရုံတော်တော်နောက်သွားပါလိမ့်မယ်။

အဲ့တော့အရင်ကလို နေရာတစ်ခုတည်းမှာ သာသာလေး ဥ နေရင်း လာသမျှလူကို ချောင်းပစ်ဖို့ရတော့မယ်မထင်နဲ့။ ရှေ့က ပစ်မှတ်ကိုမဲနေရင်း နောက်က Zombie အုပ်တာခံရမယ့်အခြေအနေတွေဖြစ်လာမယ်။ တကယ်လည်းဖြစ်လာမှာပါ။ အဆိုးဆုံးကတော့ Zombie Wave တစ်ခုပြီးတိုင်းပြီးတိုင်း Tyrant ကြီးထွက်လာမှာ။ အဲ့တော့ အက်ဒမင် မှာချင်တာက ကိုယ့်မှာ Squad နဲ့ Duo မရှိပဲ Solo ဖြစ်နေရင်တော့ ဖနောင့်နဲ့တင်ပါးတစ်သားတည်းကျအောင် ပြေးဖို့မှာချင်ပါတယ်။

ထိတ်လန့်စရာ Horror Gameplay တွေပြီးရင် Moonlight Weather Mode ထွက်လာပါမယ်။ အော် .. တစ်ခုပြောဖို့ကျန်သွားတာ Main Menu ပုံစံက PS1 Resident Evil ထဲကလိုမျိုး မှောင်မှောင်မဲမဲနဲ့ creepy ဖြစ်တဲ့ theme ဖြစ်သွားမယ်။ အဲ့တော့ မဆော့ခင်ကတည်းကကြောက်နေရသလို ဆော့ရင်လည်းချွေးပြန်အောင်ဆော့ရမယ့်အနေအထားပါပဲ။

ဒီလိုမျိုး Challenge အသစ်မျိုး၊ ဖုတ်ကောင်တွေကို အသကုန် ဖုတ်ပစ်မယ်လို့ကြိမ်းထားတဲ့ Player တွေအတွက်တော့ ကိစ္စမရှိပေမယ့် သွားနေကျ FPS ဂိမ်းတစ်ခုကနေ Zombie Game တစ်ခုပြောင်းသွားတာကို အတွေ့အကြုံမရှိရှာတဲ့ Newbie တွေအတွက်တော့ PUBG ရဲ့ Zombie Mode ဟာ အိပ်မက်ဆိုးတစ်ခုဖြစ်လာမှာအသေအချာပါပဲ။

ကြက်သားစားဖို့က ဒုတိယ .. ဇွန်ဘီတွေအကိုက်မခံရအောင်ပြေးဖို့က ပထမ ဆိုတဲ့မူကို လက်ကိုင်ထားရင်း ခြေကုန်သုတ်ကြပါစို့ PUBG Player များ ….

Gabriel
Source : TWITCH, The Valve

 





we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။