ကျောင်းမှာ အမြဲအားငယ်နေရတဲ့ သမီးလေးအတွက် ပျော်ရွှင်အောင် Iron Man လုပ်ခဲ့တဲ့ ဖခင်

ဖခင်ဆိုတာ သားသမီးတွေအတွက် အားအင်တစ်ခုဖြစ်သလို လိုအပ်လာတဲ့အခါ မိခင်တစ်ယောက်လည်း ဖြစ်သွားတတ်ပါတယ်။ အခုလည်း တရုတ်နိုင်ငံသားတစ်ဦးဖြစ်တဲ့ Bao Guojian လို့ခေါ်တဲ့ အသက် (၃၄)နှစ်အရွယ် ဖခင်တစ်ဦးဟာ ကျောင်းမှာ အမြဲအစနောက်ခံရပြီး အားငယ်နေရတဲ့ သမီးဖြစ်သူ LeLe ကို ပျော်ရွှင်သွားအောင် Iron Man ဝတ်စုံနဲ့ စပရိုက်လုပ်ခဲ့တဲ့ Video File လေးဟာ Social Media ပေါ်မှာ ပျံ့နှံ့သွားပြီးနောက် သဘောကျသူ များစွာရှိခဲ့ပါတယ်။

Bao ရဲ့ သမီးလေး LeLe ဟာ မူကြိုစတက်တဲ့နေ့မှာပဲ အခြားကလေးတွေရဲ့ စနောက်ခြင်းကို ခံခဲ့ရပြီး ကျောင်းမှာ သူငယ်ချင်းလည်း သိပ်မရှိခဲ့ပါဘူး။ ဒါ့အပြင် LeLe လေးဟာ သူငယ်ချင်းတွေကို သူ့ဖေဖေ Bao ဟာ အရင်တုန်းက Iron Man လို့ သွားပြောတော့ အားလုံးက ဝိုင်းရယ်ကြပြီး သူ့ကို လူလိမ်မလေးလို့ စနောက်ကြပါတယ်။

အဲ့လိုနဲ့ ကျောင်းမှာ အတန်းဖော်သူငယ်ချင်းတွေရဲ့ စနောက်ခြင်းကို ခံနေရပြီး ဝမ်းနည်းနေတဲ့ LeLe လေးကို အားပေးနိုင်ဖို့အတွက် Bao ဟာ Iron Man အင်္ကျီကို ဝတ်ဆင်ပြီး ကျောင်းကို သမီးလေးနဲ့အတူ လိုက်သွားခဲ့ပါတယ်။ Bao ရဲ့ Iron Man ဝတ်စုံဟာ ယွမ် ၃ဝဝဝဝ (ဒေါ်လာ ၄၄၂၈)တန်ပါတယ်။

နောက်ဆုံးတော့ အရင်လို စိတ်ညစ်မနေတော့ဘဲ ပျော်ရွှင်နေတဲ့ LeLe လေးဟာ သူငယ်ချင်းတွေကို သူ့အဖေဟာ Iron Man တစ်ယောက်ဖြစ်တယ်ဆိုတာ ပြရင်း ပျော်နေခဲ့ပါတယ်။ 

Iron Man ဖေဖေဖြစ်သွားတဲ့ Bao ရဲ့ လုပ်ရပ်ကို လူမှုကွန်ယက်တွေပေါ်မှာ ချီးကျူးသြဘာပေးခဲ့ပြီး တချို့ဆိုရင် အဖေဖြစ်သူ Bao ကို တရုတ်နိုင်ငံရဲ့ အမိုက်စား၊ အလန်းစာဖေဖေလို့တောင် တင်စားခေါ်ဝေါ်နေကြပါတယ်။ 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။