ဖောက်ပြန်နေတဲ့မိန်းမ ထွက်ပြေးရာမှ ဝါယာကြိုးပေါ် တွဲလောင်းချိတ်မိ

တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုတစ်ခုဟာ လူမှုကွန်ယက်ပေါ်မှာ အတော်လေးနာမည်ကြီးခဲ့ပြီး လူရယ်စရာလည်း ဖြစ်ခဲ့သလို၊ ဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်ထဲက မယားငယ် မိန်းမတစ်ယောက်ဟာ အိမ်ထောင်သည်အမျိုးသားတစ်ဦးနဲ့ ဖောက်ပြန်နေခဲ့တာဖြစ်ပြီး တစ်နေ့တော့ မယားကြီးဖြစ်သူဟာ အရင်နေ့ထက်ပိုပြီး အိမ်ကို စောစောပြန်ခဲ့ပါတယ်။ အဲ့လို မယားကြီး ပြန်တာလာကို သိသွားတဲ့ မယားငယ်ဟာ ထွက်ပြေးဖို့ကလွဲရင် ကျန်တာကို စဉ်းစားမရတော့ဘဲ အမြန်ထွက်ပြေးခဲ့ပါတယ်။

ရုတ်တရက် ဆုံးဖြတ်လိုက်တဲ့အတွေးနဲ့ပဲ မယားငယ်ဟာ ပြတင်းပေါက်ကနေ ထွက်ပြေးဖို့လုပ်ခဲ့ပါတယ်။ ပြသာနာဖြစ်မှာ စိုးရိမ်နေတဲ့ မယားငယ်ဟာ ပြာယာခတ်နေတာကြောင့် ပြတင်းပေါက်မှ ခြေချော်ကာ တိုက်အောက်ရှိ ဝါယာကြိုးတွေပေါ် ပြုတ်ကျသွားခဲ့ပါတယ်။ အဲ့လို ပြုတ်ကျခဲ့ခြင်းကြောင့် ဝါယာကြိုးတွေ ခြေထောက်မှာ ချိတ်မိသွားပြီး သူမဟာ လေထဲမှာ တွဲလောင်းကြီးဖြစ်နေခဲ့ပါတယ်။

အဆိုပါ အဖြစ်အပျက်ကိုတွေ့မြင်ကြတဲ့ လမ်းသွားလမ်းလာလူတွေနဲ့ ပတ်ဝန်းကျင် တိုက်ခန်းမှ လူတွေလည်း များစွာ မြင်တွေ့ကြခဲ့ပြီး ရုတ်တရက်ဆိုတော့ ကြောင်အမ်းအမ်းနဲ့ ရယ်လိုက်ရမလား၊ ပြန်ဆွဲချလိုက်ရမလား၊ ဘာဖြစ်တာမှန်းလဲမသိ ဖြစ်သွားခဲ့ကြပါတယ်။ အဲ့နောက်မှာ လူတချို့က အဆိုပါအမျိုးသမီးကို လှေကားနဲ့ တက်ပြီး ညှိနေတဲ့ ခြေထောက်မှ ဝါယာကြိုးတွေကို ပြန်ဖြုတ်ပေးခဲ့ကြပါတယ်။

သူမ လေထဲပျံ့ဝဲနေတဲ့ ပုံဟာ လူမှုကွန်ယက်ပေါ်မှာ ချက်ချင်းကို ပျံ့နှံ့သွားခဲ့ပြီးနောက် ဝေဖန်ဆဲဆိုမှုတွေရှိသလို Troll မှုတွေလည်း ရှိခဲ့ပါတယ်။

Source; daily.bhaskar.com

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။