တောင်ငူမြို့ နှစ်လောင်းပြိုင်လူသတ်မှုနဲ့ ပတ်သက်ပြီး ဥက္ကာမင်းမောင်ရဲ့ ရင်တွင်းစကား

လတ်တလောမှာ အရမ်းကို ပျံ့နှံ့နေပြီး လူအများစိတ်ဝင်စားနေတဲ့ တောင်ငူမြို့မှ လူသတ်မှုဖြစ်စဉ်ဟာ လင်မယားနှစ်ဦးကို လူမြင်ကွင်းပေါ်မှာ ဓာတ်တိုင်ကြွေသီးနဲ့ မသေမချင်းရိုက်သတ်ခဲ့တာဖြစ်တဲ့အပြင်  Video File လည်း ပျံ့နှံ့သွားခဲ့ခြင်းကြောင့် ကြည့်ရှု့သူအားလုံး ဒေါသတွေ ထွက်ခဲ့ကြရပါတယ်။ 

လူသတ်တရားခံနှစ်ဦးရဲ့ လူမဆန်စွာရိုင်းစိုင်းမှု၊ လက်ရဲဆက်ရဲရှိမှုတို့ကြောင့် လင်မယားနှစ်ယောက် သေဆုံးခဲ့ရပြီး ငယ်ရွယ်တဲ့ သမီးနှစ်ယောက်သာ လူ့လောကကြီးထဲ ကျန်ရစ်ခဲ့ပါတယ်။ ဒါ့အပြင် လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ Video ကြောင့်လည်း လူအများ စိတ်မသက်မသာဖြစ်ခဲ့ကြတဲ့အပြင် လူသတ်တရားခံ နှစ်ဦးကိုလည်း ကြီးလေးတဲ့ ပြဒဏ်ချမှတ်စေချင်နေကြပါတယ်။

အဲ့ဒီ တောင်ငူမြို့မှ လူသတ်မှုနဲ့ ပတ်သက်ပြီး ဥက္ကာမင်းမောင်းဟာ သူ့ လူမှုကွန်ယက်ပေါ်မှာ “ မြင်ရတာ လုံးဝ စိတ်မချမ်းသာဘူး။ ရက်စက်လိုက်ကြတာ။ သူ့မိဘတွေ သူ့အရှေ့မှာ အသတ်ခံရတဲ့မြင်ကွင်းကို မြင်လိုက်ရတဲ့ ကလေးလေးကိုလဲ သနားတယ်။ အဲ့ဒီမြင်ကွင်းကို သူတသက်လုံးမေ့တော့မှာမဟုတ်ဘူး။ ကလေးရဲ့မိဘတွေ ကောင်းရာသုဂတိလားပါစေ။ ဦးနှောက်မရှိ အကျင့်စာရိတ္တ မြောင်းထဲရောက်နေသူတွေ သူများ အသက်တချောင်းကို လုပ်ရက်ကြတယ် ” လို့ စိတ်မကောင်းစွာ ရေးသားထားပါတယ်။

Source; Ye Htoo Win

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။