စစ်မှုထမ်းကာလမပြီးဆုံးခင်မှာ နိုင်ငံတော်ရဲ့ သံတမန်အဖြစ် ခန့်အပ်ခံရတဲ့ Ji Chang Wook

တောင်ကိုရီးယားနိုင်ငံရဲ့ အအောင်မြင်ဆုံးကြယ်ပွင့်မင်းသားလေးဖြစ်တဲ့ Ji Chang Wook ကို မြန်မာနိုင်ငံက ကိုရီးယား အချစ်တော်တွေ ကောင်းကောင်းကြီး သိကြမှာပါ။

2019 ရဲ့ စစ်မှုထမ်းကာလ မပြီးဆုံးခင်မှာ သုံးနှစ်တာအတွင်း တိုင်းပြည်ရဲ့ စစ်သားကောင်းတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ခေါင်းဆောင်အဖြစ် ချီးမြင့်ခံရပြီးနောက်မှာ နိုင်ငံတော်ရဲ့ သံတမန် Public Relation Ambassador အဖြစ် စစ်တပ်ကနေမှ ဂုဏ်ထူးဘွဲ့ ချီးမြင့်ပေးအပ်ခံခဲ့ရပါတယ်။

The K2 ဇာတ်လမ်းထဲက နိုင်ငံရေး စပိုင်လေးဖြစ်ခဲ့တဲ့ Ji Chang Wook က တကယ့်ဘဝမှာလဲ နိုင်ငံတော်အတွက် တာဝန်အပြည့်ထမ်းဆောင်နေတဲ့ စစ်သည်တော်လေးတစ်ယောက်ပါ။

စစ်မှုထမ်းပြီးသွားရင်လည်း လာကမ်းလှမ်းထားတဲ့ Drama တွေ ရုပ်ရှင်တွေမှာလဲ သရုပ်ဆောင်သွားဖို့ အဆင်သင့်ရှိနေပါကြောင်း နဲ့ နိုင်ငံအတွက်လဲ အကောင်းဆုံး ကြိုးစားနေကြောင်း ပြောခဲ့ပါတယ်။


ဘယ်အနပညာရှင်မဆို စစ်မှု ထမ်းရပေမဲ့လည်း Ji Chang Wook ကတော့ Public Worker ဘဝကို မရွေးချယ်ခဲ့ပါဖူး စစ်တပ်ရဲ့ ရှေ့ပြေး တပ်သားဖြစ်တဲ့အထိ သံတမန်ဘွဲ့ရာထူးရတဲ့အထိ တာဝန်အပြည့်ထမ်းဆောင်ခဲ့သလို ကျန်းကျန်းမာမာ နဲ့လည်း ရှိနေခဲ့ပါတယ်။

ပရိသတ်တို့ရေ ဒီသတင်းလေးက အရမ်းကို ကိုယ့် မင်းသားလေးအတွက် ဂုဏ်ယူစရာကောင်းလွန်းပါတယ်။ ဂုဏ်ပြုလိုက်ကြရအောင်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။