ဒဂုံတက္ကသိုလ် ကားဝင်းအတွင်း ဈေးသည်တစ်ဦး ကားတိုက်ခံရမှုဖြစ်ပွား

ဖြစ်စဉ်မှာ ယနေ့ နေ့လည် ၁၂:၅၀ နာရီတွင် ဒဂုံတက္ကသိုလ် ကားဝင်းအတွင်း ဈေးလည်ရောင်းသော ဈေးသည်ဖြစ်သူ ဒေါ်×××× (၃၈ နှစ်)သည် ဈေးရောင်းရင်း YBS 15 (9M-xxxx) ရှေ့တွင်အရိပ်ခို ထိုင်နားစဉ် ယာဉ်မောင်း ကို ××××  (၂၇ နှစ်)မှ ကားပါကင်ထိုးရန်အတွက် ကားရွေ့ရာမှ သတိမမူမိပဲ ထိုင်နားနေသောသေဆုံးသူအား ကားဖြင့်တက်ကြိတ်မိပြီးနေရာတွင်ပင်ပွဲချင်းပြီးသေဆုံးသွားခဲ့ပါသည်။


Dead Bodyအားနာရေးကူညီမှုအသင်းအကူညီဖြင့် ရင်ခွင်ရုံသို့ ပို့ဆောင်ခဲ့ပြီး ယာဉ်မောင်းအား ဥပဒေအရဆက်လက်ဆောင်ရွက်သွားမည်ဟုသတင်းရရှိပါသည်။
ဒတကသ
ပြန်ကြားရေး

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။