အလောင်းတွေကို ပြန်လည်တူးဖော်ပြီး ဆေးကြောသန့်စင်ပေးတဲ့ ပွဲတော်

ကိုယ်ခင်တွယ်ရတဲ့ အဖေ၊ အမေ၊ အဘိုး၊ အဘွားတွေ သေဆုံးသွားရင် ပြန်မတွေ့နိုင်တော့ဘူး ဆိုတဲ့ ခံစားချက်နဲ့ လူတိုင်းဟာ အမြဲသတိရနေတတ်ပါတယ်။ ဒါပေမယ့် Indonesian နိုင်ငံက Sulawesi တောင်ပိုင်းမှာရှိတဲ့ ရွာတစ်ရွာမှာတော့ မြေမြုပ်ပြီးသွား အလောင်းတွေကို ပြန်လည်တူးဖော်ပြီး ဆေးကြောသန့်စင်ပေးတဲ့ ဓလေ့ပွဲတော်လေးကို လူအများစိတ်ဝင်စားနေကြပါတယ်။

အဆိုပါ ရွာလေးမှာ နှစ်တိုင်းလိုလို သူတို့ချစ်ခင်တဲ့ သေဆုံးအလောင်းတွေကို ပြန်လည်တူးဖော်ပြီး ဆေးကြောသန့်စင်ပေးကြပါတယ်။ အဲ့ဒီ အလောင်းတွေကို ရွာသားတွေက အဝတ်အစား အသစ်တွေ ပြန်လည်ဝတ်ဆင်ပေးခြင်း၊ ဆေးလိပ်ကြိုက်တဲ့သူတွေကို ဆေးလိပ်တိုက်ခြင်းတို့ အပြင် အစားအသောက်များလည်း ပြင်ဆင်ကာ တစ်ရွာလုံး စီတန်းလှည့်ပတ်ကြပါတယ်။ 

ကိုယ်ချစ်ခင်ရတဲ့သူတွေကို ပြန်လည် အမှတ်ရနေပြီး အစဉ်အမြဲ သတိရတဲ့အနေနဲ့ ပွဲတော်တစ်ခု ကျင်းပပေးတဲ့ သဘောပါ။ ဝမ်းနည်းကြောင်းပြတာမျိုး မဟုတ်ပါဘူး။ ဒီလိုအချိန်လေးက သေဆုံးသူတွေနဲ့ ပြန်လည်ဆုံတွေ့ရလို့ ပျော်ရွှင်စရာအချိန်လေးဖြစ်တယ်လို့လည်း ရွာသားတစ်ယောက်က ပြောပါတယ်။ 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။