ကြည့်ရှူသူအများဆုံးနဲ့ ပရိသတ်စိတ်ဝင်စားမူအများဆုံးဖြစ်ခဲ့တဲ့ ဟိန်းမင်းသူ ရဲ့ သီချင်းသစ်

အနုပညာလမ်းကြောင်းပေါ်မှာ အရမ်းနာမည်ကြီးရေပန်းစားနေပြီး ပရိသတ်ရဲ့ ပါးစပ်ဖျားမှာတော့ မြန်မာ ဂျက်စတင်ဘီဘာလို့ လူသိများကြတဲ့ နူတ်ခမ်းနီမလေးတွေအသည်းစွဲ အဆိုတော် ဟိန်းမင်းသူကတော့ ဒီနေ့ January 24 ရက်မှာပဲ YOU ARE THE ONE ဆိုတဲ့ သူရဲ့ Single သီချင်း MTV လေးထွက်ရှိလာခဲ့ပါတယ်။


ဒီသီချင်းလေးမှာ တော့ ဟိန်းမင်းသူနဲ့အတူ သင်ဇာဝင့်ကျော်က အဓိက ပါဝင်သရုပ်ဆောင်ခဲ့ကြပြီး နှစ်ယောက်အတူ  တွဲဖက်သီဆိုထားခဲ့ကြတာဘဲဖြစ်ပါတယ်။  

သူတို့ နှစ်ယောက်ရဲ့  ကြည်နူးစရာ ပုံရိပ်လေးတွေနဲ့အတူ သီချင်းစာသားလေးတွေနဲ့ ခံစားနားဆင်ကြရမှာဖြစ်ပါတယ်။   အခုဆိုရင် လူမူကွန်ရက်မှာ အရမ်းလူပြောများနေပြီး ကြည့်ရှူသူအများဆုံးရရှိနေတဲ့ သီချင်လေးဖြစ်နေတာမို့လို့  ကဲ ပရိသတ်တို့ ဒီသီချင်းကောင်းလေးကို နားထောင်ရင်း ဝေမျှပေးကြပါအုံး.။

">

Sources- Hein Min Thu 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။