မင်္ဂလာဆောင်ကို လက်ဖွဲ့ပါဆယ်ဗုံးထည့်ပေးလိုက်တဲ့ AA တပ်ရဲ့ ရက်စက်မှု

ရခိုင်ပြည်နယ်မှာ အခုလေးတင်ဖြစ်ပွားခဲ့တဲ့ အဖြစ်ပျက်တစ်ခုပါ။ လွန်ခဲ့တဲ့ဆယ်ရက်က  မင်္ဂလာဆောင် သွားခဲ့တဲ့ စကခ(-) က အရာရှိဗိုလ်မှူးရဲ့ အမျိုးသမီးဖြစ်သူဟာ AA တပ်ရဲ့ လက်ဖွဲ့ဗုံးပစ္စည်းကြောင့် သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။

အဖြစ်ပျက်ကတော့ ဒီနေ့ ဗိုလ်ကြီးတို့ မင်္ဂလာဆောင်က လက်ဖွဲ့ပစ္စည်းတွေကို Tripper နဲ့လည်း ပို့သလို ကားလမ်းကလည်းပို့ခဲ့ကြပါတယ်။

လမ်းမှာ လက်ဖွဲ့ပစ္စည်းတင်တဲ့ကားကို AA အဖွဲကတားခဲ့ပြီး ဗိုလ်မှူးအတွက်လူကြုံပါးလိုက်ပါရစေ လို့ပြောပြီး
ပါဆယ်ဗုံးထည့်ပေး လိုက်ကြတယ်။ အိမ်မှာ အမျိုးသမီးဖြစ်သူက လက်ဖွဲ့တွေကို ဖွင့်ကြည့်တဲ့အချိန်မှာ ဗုံးကိုဖွင့်ပြီး ထပေါက်ကာ ချက်ချင်းဆုံးပါးခဲ့ရတယ်။

အိမ်မှာ အမျိုးသားဖြစ်သူမရှိခဲ့ပါဖူး ။ ဒီကိစ္စကြောင့် လူမူကွန်ရက်မှာ AA ရဲ့ ရက်စက်မှုကို ပိုမို အမုန်းပွားခဲ့ရပါတယ်။ ဒီ ဇနီးမောင်နှံက ဆယ်ရက်လောက်သာ ပေါင်းသင်းခဲ့ရပြီး ခုလို အဖြစ်ဆိုးနဲ့ကြုံတွေ့ခဲ့ရတဲ့အတွက် အားလုံးစိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။



Sources-Khin Chowar Winn

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။