Apple ရဲ့ Foldable Phone ရှေ့ပြေးပုံကြမ်းတစ်ချို့ထွက်ပေါ်လာပြီ

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Samsung က Galaxy Series မိတ်ဆက်ပွဲနဲ့အတူ ခေါက်လို့ရတဲ့ Foldable ဖုန်းသစ်ကို မိတ်ဆက်သွားခဲ့တယ်။ သိပ်မကြာခင်မှာပဲ Apple က မဝေးတော့တဲ့အချိန်မှာ ချပြတော့မယ့် Foldable iPhone ရဲ့ ပုံကြမ်းတစ်ချို့ထွက်ပေါ်လာပါတယ်။

၂၀၁၉ ဆိုတာ ခေါက်ဖုန်းတွေရဲ့ နှစ်လို့တောင်ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ LG, Xiaomi, Oppo နဲ့ Vivo လိုဖုန်းတွေကလည်း ခေါက်ဖုန်းတွေအပြိုင်အဆိုင်ထုတ်လုပ်ဖို့တာစူလာတဲ့အတွက်ကြောင့်ပါ။ အဲဒီလိုအပြိုင်အဆိုင်နဲ့ Trend ဖြစ်နေတဲ့ Foldable Phone ပြေးလမ်းပေါ်ကို Apple လည်း ရောက်လာဖို့ရှိနေပါတယ်။

Apple ရဲ့ Foldable Phone ပုံကြမ်းတွေကိုတော့ ဟော်လန်လူမျိုး product designer တစ်ဦးဖြစ်သူ ရွိုင်ဂစ်စ်လင်း က ဖန်တီးခဲ့တယ်လို့သိရတယ်။ နောက်ပြီး Apple Foldable ရဲ့ ပုံစံဟာ Samsung ရဲ့ Galaxy Fold နဲ့ တော်တော့်ကိုဆင်တူနေပါတယ်။ Apple ရဲ့ Foldable Phone မှာ Samsung Galaxy Fold လိုမျိုးပဲ အတွင်းအပြင် screen နှစ်ခုပါဝင်လာနိုင်ပြီး Display တွေကလည်း Samsung လိုမျိုးပဲ မျက်နှာပြင်အကျဉ်း နဲ့ အကျယ် ratio တွေဆိုပြီး ပါဝင်လာမှာပါ။

နောက်ပြီး ကြည့်ရတာ Unfold ဆိုရင် သာမန် အိုင်ဖုန်းတစ်လုံးလိုပဲဖြစ်ပြီး Fold ခေါက်လိုက်ရင်တော့ အိုင်ပတ်လိုမျိုးဖြစ်သွားမှာပါ။ နောက်ပြီး Display ပေါ်မှာလည်း iPhone X လိုမျိုး Notch ပါဝင်လာဖွယ်ရှိပါတယ်။ ခေါက်ထားတဲ့မျက်နှာပြင်ကို ဖြန့်လိုက်တဲ့အခါမှာ Touchscreen Keyboard အပြင် notebook တစ်ခုလိုပါသုံးလို့ရနိုင်မယ်လို့ထင်ရပါတယ်။

ဒါပေမယ့် ဒီ Foldable ဒီဇိုင်းအတိုင်းကြီးထွက်လာဖို့ဆိုတာ ကျိန်းသေတော့ပြောလို့မရပါဘူး။ ဘာကြောင့်လဲဆိုရင် အရင်ထွက်လာခဲ့တဲ့ Foldable ဖုန်းတွေက မူပိုင်ခွင့်တွေအသီးသီးရှိနေပြီဖြစ်တဲ့အပြင် user တွေအဆင်ပြေချောမွေ့စေမယ့် feature တွေတပြုံကြီးထည့်သွင်းရဦးမှာဖြစ်လို့ Foldable ဒီဇိုင်းပိုင်းကို Apple ဘယ်လိုမျိုး innovative ဖြစ်အောင်လုပ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။

Apple အနေနဲ့ ပြီးခဲ့တဲ့ XR, XS နဲ့ XS Max တွေတုန်းက ဖြစ်ခဲ့တာတွေကို သင်ခန်းစာယူပြီး ၂၀၁၉ ရဲ့ Foldable phone ဆိုတဲ့ track ပေါ်မှာ အကောင်းဆုံးလုပ်ဆောင်ပြဖို့လိုမှာပါ။ ဒါပေမယ့် ဈေးကွက်ထဲမှာရောက်နှင့်နေပြီးဖြစ်တဲ့ Samsung Galaxy Fold ရဲ့ဖိအားတွေကို လွန်ဆန်ပြီး သာလွန်အောင် ထုတ်လုပ်ရမှာဖြစ်လို့ အခု ၂၀၁၉ ဟာ Apple အတွက်တော့ နောက်ထပ်ရုန်းကန်ရမယ့် နှစ်တစ်နှစ်ဖြစ်လာဦးမယ်ထင်ပါတယ်။

Gabriel







we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။