ယောကျ်ားလေးတွေ တိတ်တိတ်လေးလုပ်တတ်တဲ့ မိန်းကလေးဆန်ဆန် အပြုအမှု(၁၀)ချက်

ကျနော်တို့ ယောကျ်ားလေးတွေ တော်တော်များများ မမျှော်လင့်ဘဲ လုပ်တတ်ကြတဲ့ အပြုအမူတွေဟာ တစ်ခါတရံမှာ မိန်းမဆန်နေတတ်ပါတယ်။ အများစု ယောကျ်ားလေးတွေဟာ အပြင်ပန်းကြည့်ရင် ခက်ထန်ကြမ်းတမ်းတဲ့ အသွင်အပြင်ရှိပေမယ့် တကယ်တမ်းကျတော့ မိန်းကလေးတွေလို ပြုမူနေထိုင်တတ်ကြပါတယ်။ ကဲ … စာဖတ်သူတွေအနေနဲ့ နည်းနည်းယုံရခက်တယ် ဆိုပေမယ့်လည်း ဘယ်လောက်ထိ တူနေသလဲဆိုတာ အောက်မှာ ဆက်ကြည့်လိုက်ပါဦး …..။ 

(၁) အတင်းတုပ်တတ်တယ်။

ယောကျ်ားလေးတွေ လူစုံတဲ့အခါ မိန်းကလေးတွေလိုပဲ အတင်းတုပ်တတ်ကြပါတယ်။ အထူးသဖြင့် ချစ်သူ ဒါမှမဟုတ် ဇနီးသည်ရဲ့ စိတ်ညစ်စရာကောင်းတဲ့ အမူအကျင့်တွေ၊ ဘယ်လို ရစ်ပုံ ရစ်နည်းတွေကို သူငယ်ချင်းတွေသိအောင် ပြောပြတတ်ကြပါတယ်။

(၂) ရှော့ပင်ထွက်ကြတယ်။

မိန်းကလေးတွေကြီးပဲ ရှော့ပင်ထွက်ရတာ နှစ်သက်ကြတာ မဟုတ်ပါဘူး။ တချို့ ယောကျ်ားလေးတွေလည်း ရှော့ပင်ထွက်တာကို နှစ်သက်ကြပါတယ်။ ခေတ်နဲ့အညီ ပုံစံမျိုးစုံ ပေါ်ထွက်လာတဲ့ အဝတ်အစားတွေကို ရှော့ပင်းစင်တာမှာ သူငယ်ချင်းတွေနဲ့ လိုက်ကြည့်ရတာကို နှစ်သက်ကြပါတယ်။

(၃) အကဝါသနာပါကြတယ်။

 ယောကျာ်းလေးတွေဟာ အကတော်တော် ဝါသနာပါသူတွေပါ။ အထူးသဖြင့် နည်းနည်းမူးလာပြီဆိုရင် Sexy အကတွေလည်း ကနေတတ်ကြပါတယ်။

(၄) မျက်နှာသစ်ဆပ်ပြာတွေ သုံးတတ်ကြတယ်။

ယောကျာ်းလေးတိုင်းလိုလိုဟာ မျက်နှာကို ရေတစ်ခုတည်းနဲ့ ဘယ်တော့မှမသစ်ပါဘူး။ မျက်နှာသစ်ဆပ်ပြာ ဒါမှမဟုတ် ဆပ်ပြာတစ်ခုခုနဲ့ သစ်မှ ကျေနပ်သူတွေပါ။ ဒါကလည်း မျက်နှာပေါ်က အဆီတွေပြန်နေခြင်းကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

(၅) ခါးထောက်ရတာ ကြိုက်တယ်။

ယောကျ်ားလေးတွေဟာ ခါးထောက်ရတာကို ကိုယ်တိုင်မသိပေမယ့် အရမ်းကို ကြိုက်ကြပါတယ်။ သင် သတိထားကြည့်ရင်တော့ တွေ့ရမှာပါ။ 

(၆) အရက်၊ ဘီယာတင်ထက် ကော့တေးကိုကြိုက်ကြတယ်။

ယောကျာ်းလေးတွေဟာ အပြင်းတွေကြီးပဲ ကြိုက်တတ်ကြတာမဟုတ်ပါဘူး။ တစ်ခါတရံမှာလည်း မိန်းကလေးတွေသောက်တဲ့ သစ်သီးကော့တေးတွေကို ကြိုက်ကြပါတယ်။ 

(၇) အလှပြင် ပစ္စည်းတစ်ခုခုဆောင်ထားတတ်ကြတယ်။

ဒါကတော့ အနည်းစုပေါ့ တချို့ယောကျ်ားလေးတွေက မျက်နှာအဆီပြန်တာကို မကြိုက်ကြလို့ မျက်နှာသစ်ဆေးထည့်တယ်။ တချို့ကျတော့ နှုတ်ခမ်းခြောက်နေတာ၊ နှုတ်ခမ်းကွဲနေတာကို မကြိုက်လို့ နှုတ်ခမ်းနီ အကြည်ကို ဆောင်ထားကြတယ်။ တချို့ကျတော့လည်း လက်သန့်ဆေးတွေကို ဆောင်ထားတတ်ကြပါတယ်။

(၈) အချစ်ဇာတ်လမ်းတွေ နှစ်သက်ကြတယ်။

တချို့ ယောကျ်ားလေးတွေက ရုပ်ရှင်ကြည့်ရင် သတ်ဖြတ်တဲ့ဇာတ်ကား၊ စစ်ကား၊ အက်ရှင်ကားတွေ ကြည့်တတ်ကြပေမယ့် တချို့ကျတော့လည်း ဒရမ်မာကားတွေ၊ ဇာတ်လမ်းတွဲတွေကို ကြိုက်ပါတယ်။ တစ်ခါတလေဆို ရုပ်ရှင်ဇာတ်ကားထဲမှာ မင်းသားနဲ့ မင်းသမီး နောက်ဆုံး အဆင်ပြေသွားမှ ကြိုက်ကြတာတွေလည်း ရှိပါသေးတယ်။

(၉) ဓာတ်ပုံရိုက်တာရင် လှမှကြိုက်တယ်။

သူငယ်ချင်းတွေ လူစုပြီး ဓာတ်ပုံရိုက်ရင်တောင် သူများနည်းတူ ကိုယ်က လှပနေမှ ကြိုက်တတ်ကြပါတယ်။ တကယ်လို့ ကိုယ့်ရုပ်က ဓာတ်ပုံထဲ ရုပ်ဆိုးနေခဲ့ရင် ပြန်ရိုက်ဖို့အတွက် အတင်းတောင်းဆိုတတ်ကြပါတယ်။

(၁၀) ရေချိုးခန်းထဲ သီချင်းဆိုတတ်တယ်။

ယောကျ်ားလေးတွေဟာ ခေါင်းဖီးတဲ့အချိန်၊ ရေချိုးတဲ့အချိန်တွေမှာ မိန်းကလေးတွေလိုပဲ သီချင်းတွေ အော်ဆိုနေတတ်ကြပါတယ်။

Crd;

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။