နေတိုး မွေးဖွားခဲ့တဲ့ မာန်အောင်ကျွန်း၊ တောထူရွာက နေတိုးရဲ့ အိမ်ငယ်လေး

နိုင်ငံကျော် ရုပ်ရှင်မင်းသားတစ်ဦးဖြစ်တဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် နေတိုးကတော့ လက်ရှိအချိန်ထိ အနုပညာအလုပ်တွေကို တစိုက်မတ်မတ် လုပ်ကိုင်နေပြီး ကျရာဇာတ်ရုပ်ကိုလည်း ပီပီပြင်ပြင်သရုပ်ဆောင်နိုင်လွန်းတဲ့အတွက် ပရိတ်သတ်တွေရဲ့ အသည်းထဲအထိ နေရာယူထားကာ ချစ်ခင်အားပေးမှုတွေလည်း အပြည့်အဝရရှိထားသူပါ။ 

စွယ်စုံရ မင်းသားတစ်ဦးဖြစ်တဲ့ နေတိုးကတော့ ဆေးစက်ကျရာ အရုပ်ထင်ရမယ်ဆိုတဲ့အတိုင်း ကိုယ့်ဇာတ်ရုပ်ကို အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်ပါတယ်။ နေတိုးဟာ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) ရုပ်ရှင်ကား (၃)ကားမှာ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုတို့ကို ရရှိခဲ့ပါတယ်။ 

အနုပညာအရည်အသွေး ပြည့်ဝတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ယောက်အဖြစ် သရုပ်ဆောင်လောကမှာ အောင်မြင်စွာ ရပ်တည်နေသူတစ်ဦး ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ ပြည်သူချစ် စွယ်စုံရမင်းသားနေတိုး မွေးဖွားခဲ့တဲ့ အိမ်လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေတိုးရဲ့ ဇာတိကတော့ ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်း၊ တောထူရွာ ဇာတိဖြစ်ပါတယ်။ ဒါ့အပြင် နေတိုးက့ ဒီနှစ်ထဲမှာ ဇာတိမြေကို ပြန်ဖြစ်မယ်လို့လဲ ပြောထားပါသေးတယ်။ ကဲ ..... အောက်မှာ နေတိုးရဲ့ အိမ်လေးကို ကြည့်လိုက်ပါဦးနော် .............

Photo Crd;

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။